75

2.4K 515 14
                                    

၇၅။ လမ်းဘေးက ကား

လင်းချင်းက မြွေကြီးဖြင့် တိုက်ခိုက်နေစဉ် လမ်းဘေးတွင် စောင့်နေသည့် ကျွင်းကျွင်း၏နားသည် လှုပ်သွားသည်။ သူမသည် ကားသံတိုးတိုးကို ကြားလိုက်သဖြင့် သူမ၏ခေါင်းသည် လမ်းဘေးသို့ လှည့်ကြည့်လိုက်သည်။ သူမသည် ဇွန်ဘီဖြစ်နေပြီဆိုသည်ကို မမေ့သဖြင့် လူသားများအပေါ် ရန်လိုမှုတို့က အလိုအလျောက်ရှိစမြဲပင်။

ထို့ကြောင့် သူမသည် ကားကိုကွယ်ကာ ဟင်းရွက်ခင်းထဲသို့ ဆင်းပြေးကာ လင်းချင်းသွားသည့်ဘက်သို့ ချက်ချင်းပြေးလိုက်သွားသည်။ သူမ၏ခြေထောက်များက မသွက်သေးသဖြင့် သူမသည် တရွတ်တိုက်ပြေးနေရတာ ဖြစ်သည်။ သို့သော်လည်း ကောင်းသည်မှာ သူမမြန်ချင်သလောက် မဟုတ်သော်လည်း ပြေးလို့တော့ ရနေခြင်းပင်။

မိနစ်အနည်းငယ်အတွင်း စစ်ဘက်သုံးကားသည် လမ်းအဆုံးတွင်ပေါ်လာကာ လင်းချင်းကားရပ်ထားသည့်နေရာသို့ ရောက်လာသည်။ ကားကို လင်းချင်း၏ကားဘေးတွင် ထိုးရပ်လိုက်သည်။ ဝူချန်းယွဲ့၊ မုန့်ယွဲ့နှင့် အခြားတပ်သားသည် ကားပေါ်မှ ဆင်းလာကြသည်။ သူတို့သည် လင်းချင်း၏ကားကို ခနစူးစမ်းပြီးနောက် လမ်းဘေးက စိုက်ခင်းကို ကြည့်လိုက်သည်။

"ဒါဆိုရင် ဒါတွေက စိုက်ခင်းပေါ့။ အရင်က ဘယ်သူမှ လာခဲ့ပုံမရဘူး ထင်တယ်နော်?"
မုန့်ယွဲ့သည် ဟင်းရွက်ခင်းကို တအံ့တသြကြည့်ရင်း ပြောသည်။ ပြောနေရင်းတွင် သူမ၏လက်ထဲမှ အပင်လေးကို ထုတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ အာရုံခံကြည့်လိုက်သည်။

ဝူချန်းယွဲ့သည် လင်းချင်း၏ကားကို တစ်ချက်ကြည့်ပြီးနောက် စိုက်ခင်းကို ကြည့်ရင်း ဆိတ်ဆိတ်သာနေသည်။

သူ့ဘေးက တပ်သားသည် စိုက်ခင်းကို ကြည့်ကာ မေးသည်။
"ဘာဖြစ်လို့ ကားပိုင်ရှင်က ဒီမှာကားကို ထိုးခဲ့တာလဲ? စိုက်ခင်းထဲမှာ အစာရှာဖို့လား? ဒါပင်မယ့် အသီးအနှံတိုင်းက ရောဂါကူးပြီး စားလို့မရတော့ဘူး။ ပြီးတော့လည်း စိုက်ခင်းက အန္တရာယ်ကြီးတာကို။ ဘယ်လိုများ သွားရဲကြတာလဲ? အသက်ရှင်လျက် ပြန်မလာနိုင်တော့မှာကို မကြောက်ကြဘူးလားမသိဘူး?"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now