6

3.1K 513 0
                                    

၆။ လင်းယုနိုးလာပြီ

'ထွက်! ငါအခုပြန်ထွက်ချင်တယ်!'
ရလဒ်အနေဖြင့် သူမ၏မျက်လုံးရှေ့တွင် အလင်းရောင်များဖြတ်ပြေးသွားသည်။ ဘာဖြစ်နေလဲမသိခင်မှာ သူမသည် မှောင်မဲနေသည့်အခန်းထဲသို့ ပြန်ရောက်လာသည်။

ထိုနေရာက တကယ့်ကို လျို့ဝှက်ဆန်းကျယ်လွန်းသည်။ ဒါကိုသူမသိလျှင်သိချင်း စိတ်လှုပ်ရှားလာသည်။ သူမတွင် မှော်ဆန်သည့်နေရာတစ်ခု ပိုင်နေခြင်းက သူမအားမယုံကြည်နိုင် ဖြစ်စေသည်။

'ငါပြန်ဝင်ချင်တယ်'
သူမစိတ်ထဲက ရေရွတ်လိုက်သည့်အခါ ထိုနေရာသို့ ပြန်ရောက်သွားသည်။

'ဂါး!!!'
လင်းချင်းသည် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။ သို့သော်လည်း ထိုအသံက နားဝင်ချိုမနေသဖြင့် သူမသည်ပါးစပ်ကိုအမြန်ပိတ်ကာ နောက်ထပ်အသံမပြုရဲတော့ပေ။

သူမသည် အခုဗိုက်အရမ်းဆာနေသော်လည်း ဒီနေရာတွင် မြက်နှင့်ရေအပြင် ဘာမှမရှိပေ။
'ငါမြက်တွေကိုတော့ စားလို့မရလောက်ဘူးမလား?'

သူမရေချိုးခဲ့သည့် ရေကန်ကို တစ်ချက်သွားကြည့်သော်လည်း ထိုကြည်လင်သည့်ရေထဲတွင် ငါးတစ်ကောင်မှ မရှိပေ။

ခနတွေးပြီးသည့်အခါ သူမသည် စိတ်ထဲမှ 'ထွက်'ဟု ရေရွတ်လိုက်သည်။ ထို့နောက် အခန်းထဲသို့ ပြန်ရောက်လာသည်။

သူမသည် ဗိုက်အရမ်းဆာနေသော်လည်း ဒီလူကိုတော့ မစားချင်ပေ။ ထို့ကြောင့် တခြားအစာရှာရန် ထွက်ရလိမ့်မည်။ ဒီလူကို ထားခဲ့ပါက တခြားဇွန်ဘီက စားသွားမလား သူမစိတ်ပူရသေးသည်။

'နှိုးလိုက်ရင် ကောင်းမလား? ဒါပေမယ့် သူလည်း ဇွန်ဘီ ဖြစ်လာတော့မှာပဲမလား? သေရင်အပုပ်နံထွက်လာပြီး ဇွန်ဘီအဖြစ် ကို့ရို့ကားယားထလျှောက်တော့မှာ'

လင်းချင်းက ဒီလူကိုတစ်ချက်ကြည့်ကာ အသက်ရှင်နိုင်မည်ဟု မထင်ပေ။ ထို့ကြောင့် သူမထားခဲ့ရန်သာ ဆုံးဖြတ်လိုက်သည်။
'ထားလိုက်ပါတော့! ကိုယ့်ကိုယ်ကိုပဲ အရင်စောင့်ရှောက်ရမယ်'

သူမသည် အခုဇွန်ဘီဖြစ်နေကာ ဘာလုပ်ရမလဲမသိ ဖြစ်နေသည်။ လုထန်ယု၏ မှတ်ညဏ်အရဆိုလျှင် စွမ်းအားရှင်လူသားများသည် ဇွန်ဘီကို အမဲလိုက်ကြသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now