24

2.5K 447 0
                                    

၂၄။ မှီခိုမလား ဒါမှမဟုတ် မမှီခိုဘူးလား

စကားပြောနေစဉ်တွင် ဟွမ်ရှောင်းသည် အခြားသူများကို မျက်စိဖြင့် အချက်ပြထားသည်။

"ဟုတ်တယ် ခေါင်းဆောင်။ ဒုခေါင်းဆောင်ပြောတာ ဟုတ်တယ်။ ကျွန်တော်တို့ စစ်တပ်နဲ့လိုက်လို့ကတော့ ဘာမှရမှာ မဟုတ်ဘူး။ သာမန်ဇွန်ဘီတွေကို လိုက်လို့ရတဲ့ အမြူတေတွေက သူတို့နဲ့မှမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်လည်း ရှာလို့ရနေတာပဲ"

"ဟုတ်တယ်။ ပြီးတော့လည်း အခုအဆင့်မြင့်ဇွန်ဘီကို တွေ့ပြီ။ အဝေးကြီးရောက်ဦးမှာ မဟုတ်လောက်သေးဘူး။ လိုက်ရင်မိလိုက်မှာပါ။ ဘာဖြစ်လို့ စစ်တပ်နဲ့ လိုက်တော့မှာလဲ?"

"ပြီးတော့လည်း သူတို့က လူအများကြီးပဲ။ တကယ်လို့ အဆင့်သုံးဇွန်ဘီသာတွေ့ရင် အမိယူလိုက်ရုံပဲ။ အဆင့်လေးတွေ့ရင်လည်း ပြန်ခုခံလို့ ရပါသေးတယ်။ အဆိုးဆုံး မနိုင်ရင် ထွက်ပြေးရတယ်မလား? ကံအတိုင်းပဲမလား? သတ်နိုင်ရင် ဆန်နဲ့စောင်ရမှာလေ"

"ဟုတ်တယ် ဟုတ်တယ်"

ကျန်သည့်သူများက ဟွမ်ရှောင်း၏ အချက်ပြမှုကြောင့် ဝင်ပြောကြသည်။

ရှဲ့တုန်းသည် မျက်မှောင်ကျုံ့ကာ စိတ်မကြည်လင်စွာဖြင့်
"ငါတို့အထဲက ဘယ်သူကမှ အဆင့်လေးနဲ့ ကြုံဖူးတာ မဟုတ်ဘူး။ အဆင့်လေးက ဘယ်လောက်သန်လဲ ငါတို့သိတာ မဟုတ်ဘူး။ ဒါပင်မယ့် ငါ့အထင်က ဘယ်တော့မှ မမှားဘူးကွ"

"ခေါင်းဆောင်က အဆင့်လေးမီးစွမ်းအားရှင်။ ဒါတောင် အဆင့်လေးဇွန်ဘီလောက်ကို ကြောက်နေတာလား? လွဲတော့လွဲနေပြီ"
ဟွမ်ရှောင်သည် ပြုံးရင်းပြောသည်။ သူ့အမူအယာသည် ပုံမှန်ဖြစ်သော်လည်း မျက်လုံးထဲတွင် မနာလိုမှုနှင့် အမုန်းတရားတို့က ရှိနေသည်။

"ဟုတ်တယ်။ ငါကအဆင့်လေးပင်မယ့် အဆင့်လေးဇွန်ဘီကို နိုင်လိမ့်မယ်လို့ မသေချာဘူး။ ပြီးတော့လည်း အဆင့်လေးစွမ်းအားရှင်တွေက အဆင့်လေးဇွန်ဘီတေါကို လုံးဝမယှဉ်နိုင်ဘူးလို့ ကြားဖူးတယ်"
ရှဲ့တုန်းသည် သူ့ကိုလာငြင်းနေသည့် ဒီလူများကို စိတ်မရှည်စွာဖြင့် မျက်မှောင်ကျုံ့ကြည့်ရင်း ပြောသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now