128

1.9K 347 2
                                    

၁၂၈။ အကူအညီ

"ဒုခေါင်းဆောင်က မဖြစ်နိုင်ဘူး!"
လီကျန်းက အလောတကြီးပြောသည်။

"ဒုခေါင်းဆောင်ယန်က ဒီလိုမဖြစ်နိုင်ဘူး! ဟေးဒီးစခန်းကလူတိုင်းက ငါတို့ခေါင်းဆောင်ရဲ့အသက်ကို သူကယ်ထားတယ်ဆိုတာ သိနေတာပဲ! ခေါင်းဆောင်ကလည်း သူ့မောင်နှမတွေထက်တောင် သူ့ကိုပိုကောင်းကောင်းဆက်ဆံတာ! ဘယ်လိုလုပ်ပြီးတော့ မြေနဂါးစခန်းရဲ့ကြွက်ဖြစ်နိုင်မှာလဲ!"

"မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး! ခေါင်းဆောင်ယန်ဆိုတာ မဖြစ်နိုင်ဘူးမလား? သူကခေါင်းဆောင်ရဲ့ မောင်လေးလိုပဲ ငရဲမီးခေါင်းဆောင်အပေါ်ကိုလည်း သူကကောင်းပါတယ်! ဘယ်လိုလုပ်ပြီးတော့ ထိခိုက်အောင်လုပ်မှာလဲ?"
လင်းယုသည် ခေါင်းခါကာ ပြောသည်။ တခြားသူများသည်လည်း သူ့လိုအတွေးများဖြင့် ဖြစ်သည်။

သူတို့၏မျက်နှာများကိုကြည့်ကာ ဟောင်မင်းသည် သက်ပြင်းချပြီး
"လုံယုပိုင်က မိုးမီးစခန်းနဲ့ ပူးပေါင်းပြီးတော့ မင်းတို့စခန်းကို လာတိုက်မယ်လို့ ခေါင်းဆောင်ကို ခေါင်းဆောင်ယန်က  ပြောထားတာမလား? ငါးလအတွင်း? မင်းတို့သိလား. . .ဒီလဝက်အတွင်းမှာ မင်းတို့စခန်းက လူဘယ်နှစ်ယောက်လောက် တိုက်ခိုက်ခံလိုက်ရလဲဆိုတာ? မြေနဂါးစခန်းနဲ့ မိုးမီးစခန်းအပြင် ဖုံးကွယ်ထားတဲ့တိမ်တိုက်ကလူတွေပါ ပေါ်လာတာ။ လုံယုပိုင်အပါအဝင် အဆင့်၇ငါးယောက်က ပူးပေါင်းတိုက်ခဲ့တယ်။ ပြီးတော့လည်း ယန်ကျင်းဟွာက ငရဲမီးခေါင်းဆောင်ရဲ့ အစွမ်းတွေကို ဖိနှိပ်ထားဖို့အတွက် ရေထဲမှာ ဆေးတစ်ခုခု ခတ်ခဲ့တယ်"

လူငါးယောက်သည် မျက်လုံးများပြုတ်မတက် ပြူးကျယ်သွားသည်။ ဟောင်မင်း၏စကားများကို သူတို့မယုံကြည်ချင်ကြပေ။ သို့သော်လည်း ဟောင်မင်းကတော့ သူတို့ကို အကြောင်းမရှိဘဲ လိမ်မည်မဟုတ်သည်ကို သေချာနားလည်ကြသည်။ ဒီလိုစကားမျိုးကို ပင်လယ်မြို့တော်ခေါင်းဆောင်မှ ပြောခိုင်းလိုက်ခြင်းသာ ဖြစ်နိုင်သည်။

သူတို့ငါးယောက်လုံးတိတ်နေကြရာ ဟောင်မင်းသည် စိတ်ရှည်စွာ ဆက်ပြောသည်။
"မင်းတို့အတွက် ခက်ခဲမယ်ဆိုတာ သိပါတယ်။ ပြီးတော့ ဘယ်လိုလုပ် ယုံချင်မှာလဲ။ ဒါပင်မယ့် ဒီသတင်းကို ငါတို့အတည်ပြုပြီးပြီ။ မကြာခင် မင်းတို့လူတွေဆီက သတင်းရလာမှာပါ။ မင်းတို့အတွက် နောက်သတင်းနှစ်ခုရှိသေးတယ်။ သတင်းကောင်းနဲ့ သတင်းဆိုးပေါ့။ ဘယ်ဟာကို အရင်နားထောင်ချင်လဲ?"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now