68

2.4K 508 5
                                    

၆၈။ ဇွန်ဘီကာကွယ်ရေး

လင်းချင်းသည် ဇွန်ဘီမ၏စိတ်ရှုပ်နေခြင်းကို သတိထားမိပြီး သူမ၏အခြေအနေကို သိလိုက်သည်။ သူမသည် ဇွန်ဘီပေါက်စဖြစ်လိမ့်မည်။ ဇွန်ဘီဖြစ်တာ မကြာလောက်သေးပေ။ ထို့ကြောင့် ကောင်းကောင်းမလှုပ်ရှားသေး။ ကောင်းသည်တစ်ခုမှာ မှတ်ညဏ်ပျောက်နေတာတောင် အတွေးများက ရှင်းနေသေးသည်။

ထို့အပြင် သူမသည် အပေါ်ထပ်က လူသားကို ကာကွယ်ရန် ကြိုးစားနေသေးသည်။ ထို့ကြောင့် လင်းချင်းသည် ဒီဇွန်ဘီမကို မိစ္ဆာမဖြစ်ခင် တစ်နည်းနည်းဖြင့် ကယ်လို့ရလောက်သေးသည်ဟု တွေးမိသည်။

ဂါး
'အပေါ်ထပ်က လူသားကို ကာကွယ်ပေးနေတာပဲ'
လင်းချင်းက သူမကိုကြည့်ကာ အသေအချာပြောလိုက်သည်။

ဂါး!
'နင်စားလို့မရဘူး! အဲ့ဒါငါ့သား!'

လင်းချင်းက အပေါ်ထပ်ကလူသားအကြောင်း ပြောသည်နှင့် သူမသည် စိုးရိမ်လာကာ လင်းချင်းအား အော်ပြောသည်။

သူမအတွက်တော့ လင်းချင်းသည် စကားပြောရသည့်ဇွန်ဘီ ဖြစ်သော်လည်း ဒီတို့တွေ့ဆုံခြင်းက ကောင်းလားဆိုးလား မသိသေးပေ။ ဓားပြမဟုတ်သည့်လူသားသာဆိုလျှင် ကလေးကို ခေါ်သွားခိုင်းတော့မှာ ဖြစ်သည်။ သို့သော်လည်း လင်းချင်းက အဆင့်မြင့်ဇွန်ဘီဖြစ်ကာ ရန်လိုမှုမရှိသဖြင့် သူမပေါ့နေလို့တော့ မရပေ။

အခုတော့ ဇွန်ဘီမသည် လင်းချင်းက သူမကလေးအတွက် ရောက်လာသည်ဟု ယုံသွားသည်။ ဇွန်ဘီများသည် လူသားများကို ချည်းကပ်လျှင် အကြောင်းအရင်းတစ်ခုသာရှိသည်။ လင်းချင်းကို ကြောက်လန့်တကြား သူမကြည့်လိုက်သည်။ သူမအတွက်ကြောက်တာမဟုတ်သော်လည်း ကလေးကို စားခံရမှာ ကြောက်နေခြင်းသာ ဖြစ်သည်။ သူမအခုတွေးမိတာ တစ်ခုသည် ကလေးကို လုံခြုံအောင်ထားဖို့သာ။

လင်းချင်းသည် ဇွန်ဘီမကိုကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။ သူမကိုယ်သည် ကောင်းမွန်သေးသလို မိဘမေတ္တာကပြည့်ဝနေသဖြင့် သူမ၏အရှိန်အဝါသည် ကောင်းလှသည်။ ကလေးမမွေးဖူးသည့် အမျိုးသမီးဆိုလျှင် ဒီလိုအရှိန်အဝါမရှိနိုင်ပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now