62

2.4K 486 5
                                    

၆၂။ ရူးကြောင်ကြောင်လုပ်ခဲ့တယ်

ဂါး?

ဇွန်ဘီခေါင်းဆောင်သည် မယုံနိုင်စွာ လွင့်ထွက်သွားသည်။ လင်းချင်းသည် ပိန်ပုံရကာ မြေပြင်တွင်သာ ပြေးနိုင်ပုံရသည်။ ထို့ကြောင့် ဇွန်ဘီခေါင်းဆောင်သည် သူမ၏ကန်ချက်မှာ ပြင်းလိမ့်မည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် သူအရေးမထားသလိုလုပ်မိသော်လည်း သူထင်သလို ဟုတ်မနေခဲ့ပေ။ ရလဒ်အဖြစ် သူလွင့်ပျံထွက်သွားသည်။

လင်းချင်းသည်လည်း သူမသန်မာကြောင်းကို သိပင်မယ့် သူမ၏ကန်ချက်က ဇွန်ဘီခေါင်းဆောင်ကို လွင့်ထွက်သွားစေလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။ ထို့ကြောင့် သူမလည်း ခနလောက် အံ့သြသွားသည်။ သို့သော်လည်း နောက်တစ်စက္ကန့်အတွင်းမှာ သူမသည် ဇွန်ဘီခေါင်းဆောင်ဆီသို့ အမြန်ပြေးကာ သူမ၏လက်နှစ်ဖက်ဖြင့် လွှဲရိုက်ပစ်လိုက်သည်။

ဂါး!

ဇွန်ဘီခေါင်းဆောင်သည် အန္တရာယ်ကို အာရုံရလိုက်သည့်အခါ လေထဲသို့ အမြန်ပြန်ခုန်လိုက်ပြီး သူမ၏လက်သည်းများကို ရှောင်လိုက်သည်။ မြေပြင်ပေါ်သို့ ပြန်ကျသည့်အခါ ဒေါသတကြီးအော်ပြီးနောက် ခြေနှစ်ဖက်ကိုအားပြုကာ သူမအား ခုန်အုပ်လိုက်သည်။ ရေခဲချွန်များသည်လည်း သူ့လက်မှ လင်းချင်းဆီသို့ ပစ်လွှတ်လိုက်သည်။

ရေခဲချွန်များကိုမြင်သည့်အခါ ဇွန်ဘီခေါင်းဆောင်သည် ပေါက်ကွဲနေပြီဖြစ်ကြောင်း လင်းချင်းသိလိုက်သည်။ ရေခဲချွန်ရာပေါင်းများစွာသည် သူမ၏ခေါင်းအထက်သို့ ရောက်နေပြီဖြစ်ရာ သူမဘယ်လိုမှ ရှောင်မရနိုင်တော့ပေ။ ထို့ကြောင့် သူမ၏နယ်မြေထဲကို ဝင်ပြေးရုံသာ ရှိတော့မည်။ထိုအခါ ရေခဲချွန်များက သူမကိုယ်သို့ မစိုက်ခင်တွင် လင်းချင်းမှာ လေထဲတွင် ပျောက်ကွယ်သွားသည်။ ရေခဲချွန်များသည် မိုးသဖွယ် မြေပြင်ပေါ်သို့ ကျဆင်းလာကာ ပတ်ဝန်းကျင်ရှိ အပင်တိုင်းတွင် အပေါက်များ ကျန်ခဲ့တော့သည်။

ဂါး!!!

လင်းချင်းသည် ထပ်ပျောက်သွားပြန်သည့်အခါ ဇွန်ဘီခေါင်ဆောင်သည် သွားကိုကြိတ်ကာ ဒေါသကြီး ကောင်းကင်ကိုမော့ကြည့်ရင်း အော်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အပင်နှင့်ကျောက်တုံးများကို ဒေါသတကြီးကုတ်ခြစ်နေသဖြင့် အပျက်အစီးပုံကြီး ဖြစ်သွားတော့သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now