4

3.2K 500 6
                                    

၄။ သန်မာတဲ့ လက်သည်းတွေ

ထိုအနံအနားသို့ရောက်လေလေ ဇွန်ဘီများကို ပိုတွေ့ရလေလေဖြစ်သည်။ ပိတ်ထားသည့် အခန်းရှေ့သို့ရောက်သည့်အခါ အထဲကအနံက ပိုပြင်းလာသည်။ သို့သော်လည်း ဇွန်ဘီအုပ်ကြီးက တံခါးဝတွင်အုံခဲနေသည်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း. . . လင်းချင်းသည် တစ်လှမ်းချင်းသာ ပုံမှန်လျှောက်လာရင်း ခြေလှမ်းအရေအတွက်ကို စိတ်ထဲကရေတွက်နေသည်။

ခြေလှမ်း ငါးရာလောက် လျှောက်ပြီးသည့်အခါ ဇွန်ဘီအုပ်ကြီးက ပိုထူလာသည်။ သူမသည် နံစော်နေသည့် ဇွန်ဘီများဖြင့် မထိချင်သဖြင့် ဟိန်းဟောက်လိုက်သည်။

"ဂါး ဂါး"
သူမသည် ဇွန်ဘီအုပ်ကြီးထဲတွင် အနည်းတိုးဝင်ရင်း ဟိန်းဟောက်နေသည်။
'တောက်! ဒီခြေတွေလက်တွေကတော့ ငါ့စိတ်အတိုင်း လိုက်မပါကြဘူး!!!'

သူမသည် ပိုဒေါသထွက်လာကာ အကျယ်ကြီးအော်တော့သည်။
"ဂါး ဂါး"
သူမပြောသည်က "ငါစိတ်တိုလာပြီနော်!"

သူမ၏နောက်ဆုံးအော်သံက ပိုအသံကျယ်သဖြင့် ဇွန်ဘီများက သူတို့ကိုရန်စသည်ထင်ကာ သူမအား လှည့်ကြည့်လာကြသည်။

"ဂါး!!!!!"
အကုန်လုံးက တစ်ပြိုင်တည်း ပြန်လှည့်အော်သည်။

'ဘာလဲ! နင်တို့က ငါနဲ့ချချင်တာလား?'
လင်းချင်းသည် ရုပ်ဆိုးပန်းဆိုးဇွန်ဘီများအား ကြည့်ကာ ပြန်အော်လိုက်သည်။ ထို့နောက် သူမ၏အနားက ဇွန်ဘီတစ်ကောင်အား လက်သည်းဖြင့် ကုတ်ပစ်လိုက်သည်။

ဘာကြောင့်မှန်းမသိ သူမတိုက်ခိုက်ချင်သည်နှင့်တစ်ပြိုင်နက် လက်များသည် လှုပ်ရှားရသွက်လာသည်။ ဘာဖြစ်နေသလဲ သူမသတိထားမိသည့်အခါတွင် သူမ၏လက်သည် ဇွန်ဘီခေါင်းကို ဖောက်ဝင်နေသည်။

'ဘာလဲ! ငါ့လက်သည်းတွေက သံမဏိလား ကျောက်တုံးလားဟ! ဇွန်ဘီခေါင်းကို အလွယ်လေးဖောက်ဝင်သွားတယ်'
သူမသည် လက်ကိုပြန်ထုတ်ကာ တအံ့တသြကြည့်နေမိသည်။

"ဂါး!"
အနားက ဇွန်ဘီများမှာ ဒါကိုမြင်သော် အန္တရာယ်အငွေ့အသက်ကို  ခံစားလိုက်ရပြီး နောက်ကိုဆုတ်ကြလေပြီ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now