162

1.8K 345 8
                                    

၁၆၂။ ရန်သူက သန်မာနေရင် လက်လျှော့

ရှဲ့တုန်းက ကြည့်နေသည်ကို ခံစားမိသည့်အခါ လင်းချင်းသည် သူ့အားခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ နှစ်ယောက်သည် မျက်နှာချင်းဆိုင် ဖြစ်သွားကြသည်။

ရှဲ့တုန်းသည် သူမ၏ မျက်နှာကို မြင်သည့်အခါ အံ့သြသွားသည်။
'အမာရွတ်တွေက ဘယ်ရောက်ကုန်တာလဲ?'

အဝေးကနှစ်ယောက်ကတော့ ပေါ်လာသည်နှင့် အဆင့်ငါးစွမ်းအားရှင်ကို သတ်ပစ်နိုင်သည့် လင်းချင်းကို အံ့သြစွာ ကြည့်နေကြသည်။ လင်းချင်းသည် နေကာမျက်မှန်တပ်ထားကာ ဦးထုပ်ဆောင်းထားသည်။ သူမလှည့်လာသည့်အခါ အဝတ်တွင် သိသာစွာ ထွက်နေသည့် ရင်ဘတ်နေရာကို မြင်သွားကြသည်။

'မိန်းမလား? ထူးဆန်းပြီးတော့ အင်အားကောင်းတဲ့မိန်းမ ပြီးတော့လည်း ရန်သူ့ဘက်က'

"ဘယ်သူလဲ? ဘာလိုချင်လို့လဲ?"
နှစ်ယောက်ထဲကတစ်ယောက်သည် လင်းချင်းကို မေးသည်။ သူတို့သည် လင်းချင်းက အဆင့်ငါးကို အလွယ်လေးသတ်ပစ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်းဖြစ်လေရာ သူမအား အဆင့်ခြောက်စွမ်းအားရှင် လူသားဟု ထင်မှတ်သွားကြသည်။

လင်းချင်းသည် သူတို့အမေးကို မဖြေဘဲ ကြည့်သာနေလိုက်သည်။ ထိုအချိန်တွင် အားပြန်ရနေသည့် ရှဲ့တုန်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ထိုအခါ လင်းချင်းသည် ခေါင်းကိုထပ်လှည့်ကြည့်လာကာ နေကာမျက်မှန်ကို လျောချလိုက်ပြီး မျက်ဝန်းနက်များဖြင့် သနားသလို ကြည့်လိုက်သည်။

ရှဲ့တုန်းသည် သူမ၏မျက်လုံများကို မြင်လိုက်ရသော်လည်း ဟိုနှစ်ယောက်ကတော့ မမြင်လိုက်ပေ။ ရှဲ့တုန်းသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသော်လည်း နာကျင်မှုကို မခံစားရပေ။ သို့သော်လည်း အားကတော့ ကုန်သဖြင် သူ့ကိုယ်အာသူ မနည်းထိန်းနေရသည်။ လင်းချင်း၏ မျက်ဝန်းနက်များကို မြင်မှ ရှဲ့တုန်းသည် စိတ်သက်သာရာ ရသွားသည်။ အစတုန်းက လင်းချင်းသည် ဒီနားတွင် ရှိနေမည်ကို မသိခဲ့ပေ။ သို့သော်လည်း ခံစားချက်တစ်ခုကြောင့် သူမဆီသို့ ဦးတည်ကာ ပြေးနေခဲ့တာဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now