27

2.4K 489 2
                                    

၂၇။ ဖျက်စီးလိုက်သည့် ဆက်ဆံရေး

ဝူယွဲ့လင်းသည် လင်းချင်းအား ထိုင်စောင့်နေသော်လည်း အချိန်ကြာသည့်အထိ ငြိမ်နေသည့်အခါ တစ်ခုခုဖြစ်နေသလားတွေးမိလာသည်။ ထို့ကြောင့် သူမသည် လင်းချင်း၏ ပုခုံးသို့ သတိလက်လွတ်ဖြင့် လှုပ်နှိုးလိုက်သည်။
'ထတော့လေ။ ထတော့'

သူမသည် လှုပ်နှိုးသော်လည်း လင်းချင်းက မျက်လုံးမပွင့်သည့်အခါ သူမဘာလုပ်ရမလဲ မသိတော့ပေ။ ထို့ကြောင့် ထပြီးလှည့်ထွက်လိုက်သည့်အခါ ရေကန်ကို မြင်သွားသည်။
'ဟုတ်သားပဲ ရေတိုက်ဦးမှ'

ဝူယွဲ့လင်းသည် သူမအရင်က ဗိုက်အရမ်းဆာကာ နေရထိုင်ရ အဆင်မပြေ ဖြစ်ခဲ့သည်။ ဒီဇွန်ဘီအမကြီး တိုက်သည့်ရေသောက်ပြီးသည့်အခါ သူမသက်သာသွားသည်။ ဗိုက်ကဆာသေးပင်မယ့် ဗိုက်တော့အောင့်မနေတော့ပေ။

ဒီလိုတွေးမိသည့်အခါ ဝူယွဲ့လင်းသည် လင်းချင်းပေးထားသည့် မြက်ကတော့ခွက်လေးဖြင့် ရေသွားခပ်သည်။ ထို့နောက် ဂရုတစိုက်သယ်လာကာ လင်းချင်း၏ ပါးစပ်ပေါ်သို့ ဖြည်းဖြည်းချင်း လောင်းချသည်။ သို့သော်လည်း လင်းချင်းက ပါးစပ်ပွင့်မလာသဖြင့် ရေတို့က နှုတ်ခမ်းပေါ်မှ စီးကျသွားသည်။

သို့သော်လည်း ဝူယွဲ့လင်းသည် အလျှော့မပေးပင်။ သူမသည် ကန်သို့ပြေးကာ ရေထပ်ခပ်လာလေသည်။ ထိုအချိန်တွင်တော့ လင်းချင်းသည် မျက်လုံးပွင့်လာကာ သူမတိုက်သည့်ရေကို သောက်လာသည်။ ထိုအခါ ဝူယွဲ့လင်းသည် ပျော်လို့သွားတော့သည်။

လင်းချင်းသည် မျက်လုံးကိုဖွင့်ကာ သူမ၏ မျက်ဝန်းနက်များဖြင့် ကလေးမလေးကို ကြည့်လိုက်သည်။ သူမသည် မေ့သွားတာ မဟုတ်သော်လည်း ကျဉ်နေသဖြင့် အဆင်မပြေဖြစ်နေတာ ဖြစ်သည်။ ထို့ကြောင့် မျက်လုံးကို မှိတ်ကာ ကျဉ်တာပျောက်သွားဖို့ စောင့်နေခြင်း ဖြစ်သည်။

ဝူယွဲ့လင်းက သူမအား စိတ်ပူကာ ရေလာတိုက်လိမ့်မည်ဟု သူမမျှော်လင့်တောင် မထားခဲ့ပေ။ သူမသည် ထိုကလေးမလေး၏ စိတ်ထဲမှအသံများကို ဖတ်လို့ရနေသည်။ ထိုကလေးမလေးက သူမကိုလုံးဝ လက်ခံလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမသည် စိတ်အေးရသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now