40

2.6K 502 12
                                    

၄၀။ ကလဲ့စားချေခြင်း

ရှဲ့တုန်းသည် မြေပြင်ပေါ်တွင် လဲနေရင်းမှ ပြန်ထရန်ကြိုးစားသော်လည်း ထမရဘဲ ဆက်လဲနေသည်။ တစ်ဖက်က ဇွန်ဘီခေါင်းဆောင်ကတော့ ဆက်စောင့်နေဖို့အတွက် စိတ်မရှည်တော့ပုံရသည်။ မြေပြင်ပေါ်တွင် ခနလှဲနေပြီးသည့်အခါ ရှဲ့တုန်းသည် ပြန်လှုပ်ရှား၍ရလာမှ ဖြည်းဖြည်းချင်းထလိုက်ကာ သက်ပြင်းချလိုက်သည်။ အခုတော့ သူလုံခြုံပြီဟု ထင်ရသည်။

သူလူဖြစ်နေတုန်းက ဇွန်ဘီတွေက တိုက်ခိုက်မည်ကို စိုးရိမ်နေခဲ့ရသည်။ မမျှော်လင့်သည်က သူကိုယ်တိုင် ဇွန်ဘီဖြစ်လာတာတောင်မှ ဒီပြဿနာတွေကို စိတ်ပူနေရဆဲဖြစ်သည်။

'ကမ္ဘာပျက်ကပ်မှာနေရတဲ့ဘဝကြီးက ခက်လိုက်တာ'

ထိုအချိန်တွင် သူအရင်ပေါ်လာသည့်နေရာမှ သဏ္ဍာန်တစ်ခုပေါ်လာသည်။ ထိုသူမှာ လင်းချင်းဖြစ်သည်။ သူမသည် ရှဲ့တုန်းဆီသို့ လျှောက်လာကာ သူမရေးထားသည်ကို သူ့အားပြသည်။
'နင့်မှာ မြေပုံရှိလား? ကားရှိလား?'

ရှဲ့တုန်းသည် သူမစာကိုဖတ်ပြီးနောက် သူမအားခေါင်းမော့ကြည့်ကာ မျက်လုံးချင်းစုံကြည့်ပြီး စိတ်ထဲမှ မေးလိုက်သည်။
'မြေပုံနဲ့ကားက ဘာဖြစ်လို့ လိုတာလဲ?'

ရှဲ့တုန်းနှင့် လင်းချင်းတို့ နှစ်ယောက်ကြားက ဆက်သွယ်မှုသည် အနည်းငယ်ထူးဆန်းသည်။ သူက သူမအား မျက်လုံးချင်းစုံကြည့်လိုက်ရုံဖြင့် အတွေးများကို ပို့လို့ရကာ သူမရေးပြသည့်စာကို သူဖတ်ခြင်းဖြင့် သူမပြောချင်သည်ကို သူသိရသည်။
'ငါ့ဘက်က နစ်နာနေသလိုကြီး'

လင်းချင်းသည် သူ့ကိုကြည့်ကာ သူ့အတွေးများကို လျစ်လျူရှုပြီးနောက် စာရွက်ပေါ်တွင် ရေးလိုက်သည်။
'တောင်ဘက်စခန်းကိုသွားပြီးတော့ ရှာစရာလူရှိလို့'

ရှဲ့တုန်းသည် သူမ၏ရည်မှန်းချက်ကို နားလည်သဖြင့် ခေါင်းငြိမ့်ပြသည်။ အခုအချိန်တွင် သူ့မှာမြေပုံမရှိသော်လည်း သူသည် အခြားသူများဆီမှ ဌားရသည်။ ဟွမ်းရှောင်းနှင့် သူ့လူများတွင် မြေပုံရှိသည်။ နေရာလွတ်စွမ်းအင်ရှိသည့်သူကိုတော့ ရှဲ့တုန်းသည် နေရာလွတ်အစွမ်းရှိမှန်းတောင် သူမသိပေ။ ဒါကိုတွေးမိသည့်အခါ လင်းချင်းအား သူခေါင်းငြိမ့်ပြလိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now