25

2.5K 479 1
                                    

၂၅။ ရုတ်တရက် မိုးကြိုးပစ်ခံလိုက်ရတယ်

တစ်ဖက်တွင်တော့ လင်းချင်းသည် စတော်ဘယ်ရီခင်းဆီသို့ ပြေးနေသည်။ သူမသည် ကလေးမလေး၏အဖေက ထိုစစ်တပ်ထဲတွင် ပါလာကြောင်းကို မသိပေ။

ထိုအချိန်တွင် သူမစဉ်းစားရကြပ်နေသည့် ပြဿနာကတော့
'ကလေးမလေးကို စတော်ဘယ်ရီသီးစားဖို့ ဘယ်လိုမြူဆွယ်ရမလဲ?'

'စတော်ဘယ်ရီသီးရဲ့ ထူးဆန်းနေတာကလွဲရင် သူ့အဖေက အပြင်စားမစားရဘူးလို့တော့ သင်မထားလောက်ပါဘူး။ စတော်ဘယ်ရီသီးက အနံ့အသက်မကောင်းဘူးဆိုပင်မယ့် နောက်ပျောက်သွားတာပဲလေ'

လင်းချင်းသည် ခနကြာလို့ ပျောက်သွားခြင်းလား သူမ၏နယ်မြေထဲကရေကန်တွင် ရေဆေးလိုက်၍ ပျောက်သွားသည်လားကိုတော့ သူမမသိပေ။

'ကလေးမလေးက ငါပေးတဲ့ရေ သောက်ပင်မယ့် စတော်ဘယ်ရီသီးကျွေးရင် စားပါ့မလား?'

လင်းချင်းသည် ဒီလိုတွေးနေရင်း စတော်ဘယ်ရီအခင်းဆီသို့ အမြန်ပြေးနေသည်။ သို့သော်လည်း သူမအဝေးသို့ မရောက်ခင်တွင် အတားခံလိုက်ရပြန်သည်။

သူမကိုချိန်ရွယ်ထားသည့် လေထဲမှာ တန့်နေသည့် သံစူးများကိုကြည့်ရင်း လင်းချင်းသည် မရပ်၍မရတော့ပေ။

"ဘာဖြစ်လို့ ဇွန်ဘီတစ်ကောင်လဲ?"
စိတ်ရှုပ်နေသည့်အသံက နောက်ကနေ ပေါ်ထွက်လာသည်။

လင်းချင်းသည် နောက်သို့ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ငါးမီတာလောက် အကွာတွင်ရပ်နေသည့် ယောက်ျားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့၏ချည်းကပ်မှုကိုတော့ လုံးဝမှန်းမရပေ။

လင်းချင်း၏ မျက်ဝန်းနက်များသည် ဝူချန်းယွဲ့ကို မှတ်မိသွားသည့်အခါ တောက်ပသွားသည်။ သူမသည် နယ်မြေထဲသို့ဝင်ကာ ကလေးမလေးကိုထုတ်ပြီး သူ့ဆီပစ်ပေးကာ ထွက်ပြေးချင်နေမိသည်။ သို့သော်လည်း ဒီလူတွေ၏ မျက်စိအောက်တွင် သူမထွက်ပြေးရမှာ မဟုတ်ပေ။ သူမလုပ်နိုင်မည်ကတော့ နယ်မြေထဲသို့ ဝင်ပုန်းနေကာ ထွက်မလာရုံပဲ ရှိလိမ့်မည်။ ကလေးမလေးကို ထုတ်ပေးရင် သူတို့နှစ်ယောက်က လှုပ်ရှားလာလိမ့်မည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now