143

1.9K 368 10
                                    

၁၄၃။ ရေအစွမ်း

အခြားသူများသည်လည်း ပတ်ရှာကြည့်ပင်မယ့် လင်းချင်းက တကယ်ပျောက်သွားတာ ဖြစ်သည်။

"နယ်မြေထဲကို ပြန်ဝင်သွားတာလား?"
တူယွမ်ရှင်းက အသံထွက်ကာ တွေးရင်းပြောသည်။

"ကပ္ပတိန်ကြီး ခုနတုန်းက သူဘယ်လိုကုလဲဆိုတာ သိလား?"

လင်းဖန်သည် ခေါင်းခါကာ
"ငါ့ကိုဘယ်လိုကယ်လဲ မင်းတို့ရော မမြင်ဘူးလား? ငါကသတိမေ့နေတော့ ဘယ်လိုလုပ်သိမှာလဲ?"

"နယ်မြေထဲကို ခေါ်သွားတာ"
လင်းဟောင်က ပြောသည်။

"အဲ့ဒါကြောင့် ကျွန်တော်တို့လည်း သူဘယ်လိုလုပ်လိုက်လဲ ဆိုတာကို မသိလိုက်ဘူး။ ခွင့်ပြုချက်တောင် မတောင်းဘဲနဲ့ ခေါ်သွားတာ။ ခိုးသွားတယ်လို့တောင် ပြောလို့ရသေးတယ်"

လင်းဖန်သည် လင်းဟောင်၏ အသံတွင် မကျေနပ်မှုတို့ ပါနေသည်ကို ခံစားမိသဖြင့် လင်းဟောင်အား တအံ့တသဖြင့် မေးသည်။

"သူ ခိုးသွားတာ. . .ငါ့ကို လျှို့ဝှက်ခေါ်သွားတယ်ပဲ ထားပါတော့။ မင်းတို့မမြင်ဘူးလား? ဘယ်လိုခေါ်သွားလဲ ဆိုတာကို?"

ရုတ်တရတ် ဒီဇွန်ဘီက သူ့ဦးနှောက်ကို ဖောက်မစားသည်က ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ဒီလိုဖြစ်ပါက ဒီလိုအပြင်သို့ ရောက်လာနိုင်မည်တောင် မဟုတ်တော့ပေ။ ဒါကိုတွေးမိရုံဖြင့် သူ့တစ်ကိုယ်လုံးတွင် ကြက်သီးများ ထသွားသည်။

အခြားသူများသည် သူ့မေးခွန်းကို ဖြေဖို့လုပ်ချိန်တွင် သဏ္ဍာန်တစ်ခုက ပေါ်လာသည်။ လင်းချင်းက ရေတစ်ခွက်ကိုင်ကာ ထွက်လာခြင်း ဖြစ်သည်။ ထို့နောက် တူယွမ်ရှင်းကို ကမ်းပေးကာ ယွမ်ထန်ရှင်းကို လက်ညိုးထိုးပြသည်။

"သူ့အတွက်လား? ဒါဘာရေလဲ?"
တူယွမ်ရှင်းသည် ရေခွက်ကိုကြည့်ကာ ဘာဖြစ်လို့လဲ ဆိုသည်ကို မသိပေ။ လင်းဟောင်ကို မပေးသေးဘဲ အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ ဒုခေါင်းဆောင်ကို မတိုက်ရဲသေးခြင်းမှာ ရေသောက်ပြီးရင် ဘယ်လိုဖြစ်မလဲ ဆိုသည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now