170

1.6K 303 0
                                    

၁၇၀။ ကယ်ချင်လို့ကယ်တာ

လင်းဖန်သည် စခန်းခေါင်းဆောင်ဖြစ်ခဲ့သည့် သူ့ညီမအနောက်သို့ မကြာခန လိုက်နေရသည်ဖြစ်ရာ သူမကိုပိုရင်းနှီးလေသည်။ စိတ်ကြည်လင်သည့် သူနှင့်ယွမ်ထန်ရှင်းတို့ နှစ်ယောက်လုံးသည် ဒီဇွန်ဘီ၏ အရှိန်အဝါမှာ လင်းချင်းနှင့် မိတ္တူကူးထားသလို တူညီနေသည်ကို သိလိုက်ကြသည်။

'ဒါဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ?'

အမျိုးသမီးလင်းနှင့် လင်းဝမ်ဝမ်တို့သည် လင်းချင်း၏ အရှိန်အဝါကို မသိပေ။ လင်းဝမ်ဝမ်သည် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့လို ထက်မြက်သည့်အာရုံသိမရှိပေ။ အမျိုးသမီးလင်းသည် သာမန်လူဖြစ်လေရာ ဒါမျိုးတွေကို မသိပေ။ သို့သော်လည်း ဒီဇွန်ဘီက သူမအား ထူးဆန်းသည့် ခံစားမှုကို ပေးနေသည်။ လုံချင်းယင်ကတော့ လင်းမိသားစုဝင်မဟုတ်သလို ငရဲမီးခေါင်းဆောင်နှင့်လည်း အချိန်အများကြီး မဖြုန်းဖူးလေရာ ဘာထူးခြားမှုကိုမှ မသိပေ။

ထိုအချိန်တွင် လင်းချင်းသည် လက်ကိုလှုပ်လိုက်လေရာ သူမ၏လက်ထဲတွင် ကလစ်ဖြင့်တွဲထားသည့်စာအုပ်လေး ပေါ်လာသည်။ သူမသည် ဒီစာအုပ်ကို ချူးလီလီ၏ ပစ္စည်းပုံကြီးထဲမှာ တွေ့ခဲ့ရတာဖြစ်သည်။ သူမသည် သင့်တော်သည့်အတွင်းခံတော့ မရခဲ့ပင်မယ့် ဒီကလစ်ဖြင့်စာအုပ်ကို တွေ့ခဲ့လေရာ သူမစာရေးဖို့ ပိုအဆင်ပြေသဖြင့် ယူထားလိုက်တာ ဖြစ်သည်။ သူမသည် စကားပြောနိုင်သော်လည်း စကားပြောနှုန်းက မမြန်သေးသလို အမြန်ပြောလိုက်ရင် အသံထွက်တို့က ပလုံးပထွေးဖြစ်ကုန်သည်။ ထို့ကြောင့် အရေးကြီးအကြောင်းအရာများကို စာဖြင့်ရေးပြဖို့ ဆုံးဖြတ်ထားတာဖြစ်သည်။

လင်းချင်းက အဆင်သင့်ဖြစ်သည်ကို မြင်သည့်အခါ ယွမ်ထန်ရှင်းသည် လင်းဖန်ကို စကားပြောဖို့ အရိပ်အခြေပြလိုက်သည်။ လင်းဖန်က ခနတွေးပြီးနောက် သိချင်စိတ်ဖြင့် မေးသည်။

"လုထန်ယုမလား? ဘာဖြစ်လို့ ငါတို့ကိုကယ်တာလဲ မေးလို့ရမလား?"

ဘာဖြစ်လို့ သူတို့မိသားစုကို ကယ်တာလဲဆိုသည်ကို သိချင်သည်။ သူတို့သည် ဘယ်သူစိမ်းကိုမှ မယုံချင်ကြတော့ပေ။ကမ္ဘာပျက်ခေတ်တွင် ယုံကြည်မှုဆိုသည်က ပကာသနလိုဖြစ်သည်။ ကိုယ်နှင့်အတူ ယှဉ်တွဲတိုက်ခိုက်နေသူတောင်မှ ကိုယ့်နောက်ကျောကို ဓားဖြင့်ထိုးသွားနိုင်သည်။ မိတ်ဆွေဖြစ်မလား အသင်းဖော်များလာမထားထက် ဇွန်ဘီဖြင့် တွေ့နေရတာ ဖြစ်သည်။ အရင်ရက်အချို့ကအထိ ဇွန်ဘီတိုင်းကို သတ်သင့်သည်ဟု ယုံကြည်ထားခဲ့ကြသေးတာ ဖြစ်သည်။ လူတစ်စုကို ကယ်ဖို့အတွက်ဖြင့် တောင်ပိုင်းကို ပြန်လာခဲ့သည့် ဇွန်ဘီတစ်ကောင်၏ နေရာကနေ ရည်ရွယ်ချက်အစစ်က ဘာဖြစ်မလဲကို သူတွေးကြည့်ချင်သေးသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now