Chapter-490

6.4K 1.2K 89
                                    

Unicode

အပိုင်း၄၉၀- မင်းကိုတွေ့ပြီ

"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ....
ဆန်းကြယ်လှတဲ့နတ်ဘုရားခင်ဗျာ...
ခင်ဗျားရဲ့အသက်ကယ်တင်ပေးခဲ့တဲ့ဂုဏ်ကျက်
သရေက မမေ့နိုင်စရာပါပဲ"
ဝမ်ကုံး ချက်ချင်းပဲသူ့ချိုင်းထောက်ကို
ချလိုက်ပြီး ဒူးထောက်လိုက်တယ်။
အနက်ဝတ်လူက သူ့ကိုအောက်ချပေး
ပြီးတဲ့နောက် သူ့ရဲ့ရိုးသားတဲ့စိတ်ရင်းစိတ်မှန်ကို
ပြသဖို့ ရှိခိုးဦးချလိုက်သည်။

အနက်ရောင်ဝတ်ရုံနဲ့လူက သူ့ကိုသာမာန်မျှ
ကြည့်လိုက်၏၊ "အထင်မလွဲနဲ့။ ခင်ဗျားကို
ကယ်ဖို့ရည်ရွယ်တာမဟုတ်ဘူး။
'မိတ်ဆွေ' တစ်ဦးကို မြင်လိုက်ပြီး ခင်ဗျားကို
လမ်းကြုံဆွဲလာတာပဲရှိတယ်။
ခင်ဗျားသေသေရှင်ရှင် ကျုပ်နဲ့ဘာမှ
မဆိုင်ဘူး"

ဝမ်ကုံး နည်းနည်းလေးမှအံ့ဩစိတ်မဖြစ်မိ၊
"ဘယ်လိုပဲဖြစ်ဖြစ် လူကြီးမင်းကဒီအဖိုးကြီးရဲ့
အသက်ကို ကယ်ပေးခဲ့တာပါဗျာ"

အနက်ဝတ်လူက ပြန်မဖြေချေ၊ သူထွက်သွား
တော့မယ့်အချိန်မှာပဲ ရုတ်တရက်ရပ်လိုက်ပြီး
ဝမ်ကုံးကိုပြန်လှည့်ကြည့်လိုက်သည်။
"ခင်ဗျားက သာမာန်လူတစ်ယောက်ပဲဟာ။
ယွီရှန်းမြို့ကလူတွေက ဘာလို့ခင်ဗျားကို
ရှာနေကြတာလဲ"

မမျှော်လင့်ထားစွာနဲ့ ဝမ်ကုံးအမူအရာက
ရုတ်ခြည်း သတိထားသလိုဖြစ်သွား၏။

အလွန်ပုန်းလျှိုးကွယ်လျှိုးဖြစ်သော်ငြား
အနက်ဝတ်လူသည် သတိထားမိလိုက်သည်။
အစတုန်းက သူဒီအတိုင်းမေးကြည့်လိုက်ခြင်း
ဖြစ်သည်၊ သို့ပေမယ့် ဒီလိုပုံစံဖြစ်သွားတာကို
မြင်တော့ နည်းနည်းလောက်စိတ်ဝင်စားသလို
ရှိလာ၏။

အနက်ဝတ်လူက ပြုံးလိုက်ပြီးပြန်မေးလိုက်တယ်၊
"ဒါက မင်းကျေးဇူးရှင်အပေါ် ထားတဲ့
သဘောထားလား"

ဝမ်ကုံး တည်တည်ငြိမ်ငြိမ်နဲ့ပြန်ဖြေလိုက်သည်၊
"ငါ့အရှင်....ရိုးရိုးသားသားပြောရရင်
သူတို့ဘာလို့လိုက်ရှာနေကြလဲဆိုတာ
ဒီအဖိုးကြီးလည်း မသိရပါဘူး။ ဒီအဖိုးကြီးက
သူတို့နဲ့တစ်ခါမှမတွေ့ဖူးပါဘူး"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now