Chapter-546

6.4K 1.3K 75
                                    

//Unicode//

အပိုင်း(၅၄၆) ပင့်ကူနက်

ဘုရားသခင်ကလှည့်စားနေတာများလား။

IQ လိုနေတဲ့သူကိုမပေးဘဲ မလိုတဲ့သူကိုမှ
တမင်သက်သက်သွားပေးရတယ်လို့။ အမှန်က
လင်း​ရှောင်ကမှတကယ့်သားအရင်းမလား!

လင်းရှောင်မျက်လုံးဖွင့်ဖွင့်ချင်း ဖော်မပြနိုင်လောက်
အောင် မနာလိုအားကျမှုများနှင့်ပြည့်နေသည့်
သူ့ဇနီးလေးဆီကမျက်စောင်းတစ်ချက်ကို
ရလိုက်လေသည်။ သူတည်ငြိမ်စွာပင်လက်ခံလိုက်၏။

သူ့ကျင့်ကြံဆင့်သည် ကြယ်သုံးပွင့်မှကြယ်ငါးပွင့်သို့
တက်သွားခဲ့သည်။ ဒီအကြိမ်က
နဂါးမျိုးနွယ်စု၏အသက်သွေးနှင့်သွေးကြောကို
နိုးထတုန်းကမြင့်တက်လာသည့်
ကျင့်ကြံဆင့်နဲ့ကွာခြားမှုမရှိချေ။ ဤတိုးတက်မှုသည်
ယူကျန်ထျန်းနှင့် ယှဉ်တိုက်နိုင်ဖို့မလုံလောက်သေး
သော်လည်း တိုက်ပွဲရလဒ်ကိုပုံသေတွက်လို့
မရနိုင်ပေ။

"ဘယ်လိုနေလဲ"

ယူရှောင်းမိုကသူ့ကိုယ်သူတွေတွေကြီးကြည့်နေတာကို
မြင်တော့ လင်းရှောင်ကမေးလိုက်သည်။

"မဆိုးဘူး"

ယူရှောင်းမိုသည် မသိစိတ်ကခိုင်းတဲ့အတိုင်း
ပြန်ဖြေလိုက်၏။ သူ့ဦးနှောက်က ကောင်းကောင်း
အလုပ်လုပ်တော့မှပဲ ပြောင်းပြန်ဖြစ်နေတာကို
သိလိုက်သည်။ မေးသင့်တဲ့သူက သူပါပင်။

"ခင်ဗျားရောဘယ်လိုလဲ"

လင်းရှောင်ကအကြောဆန့်ပြီးလှဲချလိုက်ကာ
အားရဝမ်းသာပြန်ဖြေ၏။

"အံ့ဖွယ်ပဲ"

အဖြေနှစ်ခုစလုံးကစကားသုံးလုံးပဲပါပေမယ့်လို့
ရလဒ်တစ်ခုစီက တောင်ဝင်ရိုးစွန်းနှင့်
မြောက်ဝင်ရိုးစွန်းလောက်ကွာခြားလှသည်။

ယူရှောင်းမို သူ့ကိုမနာလိုဖြစ်နေတော့သည်။

အဲ့ဒီနောက် သူတို့ကကျုံထျန်းကိုပြန်ဖို့ဆုံးဖြတ်လိုက်
ကြသည်။ ခရီးမစခင်မှာ ယူရှောင်းမိုက
တွေးကြည့်လိုက်သည်။ သူ့အဖေက သူ့ဆန္ဒနဲ့သူ
လိုက်ပြီးကပ်တွယ်နေတာဆိုတော့
ကောင်းကောင်းအသုံးမချလိုက်ရရင် ကိုယ့်စိတ်ကိုယ်
ညှင်းပန်းသလိုဖြစ်နေပေလိမ့်မည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now