Chapter-422

7K 1.3K 41
                                    

Unicode
အပိုင်း၄၂၂: ဦးလေးကြီး

"ဒါဆိုမင်းအဆင့်က ခြောက်ထက်မြင့်နိုင်တယ်၊
ဒါပေမယ့် လက်ကိုမတော်တဆဖယ်မိသွားပြီး
အဲ့ဒီ့အကြီးအကဲချင်က မင်းအတွက်ပြန်စမ်းသပ်ပေး
ဖို့ စိတ်ကူးမရှိတာကြောင့်၊ အခြေအနေက
ဒီလိုမျိုးမဖြေရှင်းလိုက်ရဘဲ ကျန်နေခဲ့တာပေါ့?"

အိမ်အပြန်လမ်းမှာ၊ အဖြစ်အပျက်တစ်ခုလုံးကို
လင်းရှောင်ကအနှောင့်အယှက်ဖြစ်ပုံမရဘဲ
နားထောင်နေသည်။

"ဟုတ်တယ်!" ယူရှောင်းမိုက သူ့အမူအရာကို
လေ့လာနေတယ်၊ လင်းရှောင်ကမျက်ခုံးတောင်
တွန့်မသွားတော့ သူကနားမလည်ဖြစ်သွားတယ်။
ယူရှောင်းမိုကိုယ်တိုင်တောင်မှ ဒီလိုမထင်ထားတဲ့
ကံခေမှုတစ်ခုဖြစ်သွားတာကို မယုံကြည်နိုင်သေးဘူး၊
သူကဘယ်လိုလုပ်ဘာမှမဖြစ်တာလဲ?

လင်းရှောင်က သူ့ရဲ့တွန့်ဆုတ်နေမှုကို
သတိထားမိလိုက်တယ်၊ "မင်းဘာပြောချင်လို့လဲ?"

ယူရှောင်းမိုက လုပ်ရယ် ရယ်လိုက်တယ်၊
"ဒီဖြစ်ရပ်က အရမ်းပြဇာတ်ဆန်တယ်လို့
မခံစားရဘူးလား?"

လင်းရှောင်က သူ့ကိုနက်နက်နဲနဲကြည့်လိုက်တယ်၊
"ဘာတွေများအံ့ဩဖို့ကောင်းလို့လဲ? မင်းဆီမှာ
ဖြစ်လာတဲ့ ပြဇာတ်ဆန်ဆန်အရာအားလုံးက
သာမာန်ပဲ"

ယူရှောင်းမို"........'

အဲ့ဒီ့နောက် တတိယမြောက်အကဲဖြတ်ခြင်းကို
ဖြေဆိုဖို့အတွက် နေ့လည်ကျရင် ရှောင်ယောင်
တက္ကသိုလ်ကိုသွားဖို့လိုသေးလို့ သူ့မှာအားလပ်ချိန်
နှစ်နာရီပဲရှိတယ်ဆိုတာ ယူရှောင်းမိုကသူ့ကို
ပြောပြလိုက်တယ်။ အချိန်ကန့်သတ်ချက်ကြောင့်
သူတို့က ဟိုတယ်ကိုပဲတစ်ခါတည်းပြန်လာလိုက်
တော့သည်။

ယူရှောင်းမိုက တစ်ရေးတစ်မောအိပ်ဖို့ လင်းရှောင်နဲ့
ကပ်နေချင်ခဲ့တာဖြစ်သည်။ ဒါပေမယ့်၊
မနက်တုန်းက ယင်းကောနဲ့
တခြားသူတွေအကြောင်းကိုသူစဉ်းစားလိုက်ကာ
ရှိသေးတယ်၊ ရှုန်းရှောင်လွှတ်လိုက်တဲ့သူတွေက
ယင်းကောနဲ့ကျန့်ယွီရွှမ်းရဲ့သတင်းနဲ့အတူ
တစ်ချိန်တည်းမှာရောက်လာလိမ့်မယ်လို့
ဘယ်သူထင်မှာလဲ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now