Chapter-581

5.7K 1.1K 72
                                    

//Unicode//

အပိုင်း ၅၈၁— သူရဲကောင်းကအလှလေးတွေကို
ကယ်တင်မယ်

"လှလိုက်တဲ့ ညီအစ်မတွေ!"

ရင်းနှီးလှပါသော စကားတစ်ခွန်း ယူရှောင်းမိုနားထဲကို
ဘယ်တော့မှလက်လျှော့မှာမဟုတ်သည့်
အငြိုးကြီးတစ္ဆေတစ်ကောင်သဖွယ် ဝင်ရောက်လာ
လေသည်၊ အထူးသဖြင့် နောက်ဆုံးက စကားလုံး
လေးလုံးပင်။ သူတို့ကို မျက်ခြေဖြတ်ပြီး
ထားခဲ့တာဖြင့် မကြာသေး၊ အလွန်အံ့ဩဖွယ်
ကောင်းစွာ သူတို့ရှေ့မှာ​ တွေ့ကြရပြန်သည်။

အလှလေးညီအစ်မ နောက်တစ်တွဲပဲနေမှာပါ။

ယူရှောင်းမို ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။

သို့သော်ငြားလည်း မော့ဖေးနှင့် မော့ရွှယ်
အလှပဂေး ညီအစ်မနှစ်ယောက်ကို သူ့မျက်စိနှစ်လုံးနဲ့
မြင်လိုက်ရသည့်အခါ ဤလောကတွင်
မနှစ်သက်သော တိုက်ဆိုင်မှုများ များစွာရှိတတ်တာ
မှန်သည်ကို သူ နောက်ဆုံးသိသွားရတော့သည်။

ရှေ့မီတာတစ်ရာခန့်မှာ နျုံ့ရွှီးယန်၊ မော့ရွှယ်နှင့်
မော့ဖေးတို့ လူတစ်အုပ်ဝန်းရံတာ ခံနေရသည်။
လူအုပ်၏ ဝတ်စားဆင်ယင်ပုံနှင့် အပြုအမူအရ
တုံ့ယွီဓားပြများပင် ဖြစ်လောက်သည်။

"ဘယ်လိုများ ကျွန်တော်တို့ရှေ့ရောက်နေကြတာလဲ"

ယူရှောင်းမို လင်းရှောင်ကို မမေးဘဲမနေနိုင်။
ခရီးတွင်အောင် သူတို့မှာရှိသမျှ အားအကုန်
သုံးလျှင်တောင် သူတို့ရှေ့ ဒီလောက်မြန်မြန်ကြီး
ကြိုရောက်နေဖို့ မဖြစ်နိုင်ပေ။

"နည်းလမ်းတစ်ခုခု သုံးလိုက်တာနေမယ်"

လင်းရှောင်လည်း အတိအကျတော့မပြောနိုင်ပေ။
လူတိုင်းမှာ သူတို့ကိုယ်ပိုင် ဝှက်ဖဲများရှိကြပေသည်၊
သို့မဟုတ်ပါက သူတို့ဆီမှာ အကွာအဝေးချုံ့
ပေးနိုင်သည့် ပစ္စည်းတစ်ခုရှိလို့ပင်။

ယူရှောင်းမို ခေါင်းငြိမ့်လိုက်သည်၊ သိပ်တော့
နားမလည်။ သို့သော်လည်း ဤသည်က
'သူရဲကောင်းကအလှလေးကိုကယ်တင်'မယ့်
မြင်ကွင်းကို သူ ပထမဆုံးကြုံဖူးခြင်း ဖြစ်ပေသည်။
သူ သွားမကယ်ချင်တာတော့ နှမြောစရာပင်၊
ဒါက ရခဲလှသည့်အခွင့်အရေးကြီး ဖြစ်၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now