Chapter-410

7.2K 1.3K 4
                                    

Unicode
အပိုင်း၄၁၀: သံသွေးနတ်ဘုရား

"ဒါတွေအားလုံးက အဓိပ္ပါယ်မရှိတဲ့ဟာတွေကြည့်ပဲ။
မင်းကိုအပိုင်းတစ်ထောင်လောက် မပိုင်းရရင်
ဒီလူအိုကြီးရဲ့နှလုံးသားထဲက အမုန်းတရားကို
ဖြေဖျောက်ဖို့ခက်လိမ့်မယ်။" ယူမင်းက
စိတ်သဘောထားမကောင်းပေ။ သူကဒေါသထွက်
လွန်း၍ သူ့မျက်နှာကခရမ်းရောင်သမ်းနေပြီး
လင်းရှောင်ကိုကြည့်ရင်း သူ့မျက်လုံးများတွင်
ပြင်းထန်ပြီးအန္တရာယ်ရှိသောအလင်းတစ်ချက်
လက်သွား၏။

ထို့နောက် အားကောင်းသောအော်ရာတစ်ခုက
သူ့ကိုယ်တွင်းမှပေါက်ကွဲထွက်လာသည်။
နတ်ဒေဝါအဆင့်ကျင့်ကြံသူတစ်ယောက်၏
မြေများပင်ကွဲကြေနိုင်စေလောက်သော ဖိအားက
ထိုနေရာတွင်ရှိနေသည့်လူတိုင်း၏ အမူအရာများကို
ပြောင်းလဲသွားစေ၏။

ယူချင်ရှန်းကသူ့ကိုမတားလိုက်နိုင်ခင်မှာပင်
ယူမင်းကလှုပ်ရှားလိုက်၏။

သူက လင်းရှောင်ဆီသို့ လျှပ်စီးကဲ့သို့သော
အမြန်နှုန်းဖြင့် ရွေ့လျားသွားသည်။ ဒါပေမယ့်လည်း
သူကသူ့ဒေါသကြောင့် ခေါင်းမရှုပ်နေပေ။
လမ်းတစ်ဝက်တွင်၊ သူက လင်းရှောင်ကိုစမ်းသပ်ဖို့
အတွက် လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

လက်သီးပုံစံက ရိုးရှင်းပြီးမလှသော်လည်း
ယူမင်းက နတ်ဒေဝါအဆင့်ကျင့်ကြံသူဖြစ်သည်။
လက်သီးချက်ကမည်မျှပင်ရိုးရှင်းပါစေ
သာမာန်လူတစ်ယောက်အတွက် ခုခံနိုင်ဖို့မလွယ်ကူ
ပေ။ ဒါပေမယ့်ထိုအချက်က ဧကရာဇ်အဆင့်နှင့်
အောက်ရှိကျင့်ကြံသူအတွက်သာ အကျုံးဝင်သည်။
နှစ်ဖက်စလုံးက အဆင့်တူလျှင် ဒီလို
တိုက်ခိုက်ပုံမျိုးက အနဲငယ်မျှပင်အကျိုးသက်ရောက်
မှုမရှိနိုင်ပေ။

လင်းရှောင်က မျက်လုံးပင် လှန်မကြည့်ဘဲ
လက်များကိုဖြန့်လိုက်သည်။ သူ့လက်ဖဝါးပေါ်မှ
ခရမ်းရောင်မီးတောက်များက မီးအလင်းတန်းတစ်ခု
အဖြစ်ပြောင်းလဲသွားပြီး မျက်နှာချင်းဆိုင်ရှိ
ပေါက်ကွဲထွက်လာသော လက်သီးချက်ဆီသို့
ပြေးထွက်သွား၏။

မီးအလင်းတန်းက လက်သီးချက်နှင့်တိုက်မိသွားပြီး
ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။
လက်သီးအားကချက်ချင်းပျောက်ကွယ်သွားပြီး
မီးပွားများက နေရာအနှံ့ပြန့်ကျဲသွားသည်။
အနီးအနားရှိလူတစ်ချို့မှာ မီးပွားများစင်ခံရပြီး
သူတို့အရေပြားနှင့်အသားများ
လောင်ကျွမ်းခံရခါနီး ဖြစ်ကုန်ကြ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now