Chapter-501

7.3K 1.3K 118
                                    

Unicode

အပိုင်း၅၀၁- ကျုံထျန်းသို့အပြန်

ဒဏ္ဍာရီထဲတွင်မူ ဧရာမငှက်ကြီးက နဂါးများကို
အစာအဖြစ်စားသောက်သည်ဟုဆိုလေသည်။
သင်းကွဲနဂါး သို့မှမဟုတ်
သေဆုံးနေတဲ့နဂါးတွေကို ကောင်းကင်မှ
ကြည့်ပြီး နဂါးအနံ့ကိုအာရုံခံနိုင်စွမ်းလည်း
အလွန်တရာမြင့်ကြကာ
ထိုအနံ့ကိုခုခံနိုင်စွမ်းမရှိကြပေ။
နဂါးကိုတွေ့လိုက်သည်နှင့် မစားရမချင်း
လက်လျှော့ကြမည်မဟုတ်ပေ။

ယူရှောင်းမိုရဲ့အတွေးထဲမှာတော့ ဒီအကြောင်းက
သိပ်ပြီးအခြေအမြစ်မရှိလေဘူး။ ဟွာရှား
ဒဏ္ဍာရီထဲကလိုဆိုရင် ဧရာမငှက်ကြီးတွေက
ဖီးနစ်ငှက်ရဲ့ကလေးဖြစ်တယ်၊ ဒါပေမယ့်လည်း
နဂါးနဲ့ဖီးနစ်က သူတို့ခေတ်ရဲ့အစွမ်းထက်ဆုံး
သတ္တဝါတွေဖြစ်ခဲ့တာပဲ။ ဘယ်လိုပဲနေနေ
တစ်ယောက်နဲ့တစ်ယောက်ဗိုက်ဖြည့်ဖို့
အစာတော့ ဖြစ်မလာနိုင်သေးဘူးလေ။

(t/n; ဟွာရှားက တရုတ်ရဲ့နာမည်ဟောင်းပါ)

ဒါပေမယ့်လို့ လင်းရှောင်ကိုကြည့်နေတဲ့
ဧရာမငှက်ကြီးရဲ့လောဘတကြီးအကြည့်ကို
မြင်လိုက်ရပြန်တဲ့အခါ
သူ့အတွေးက- ဒဏ္ဍာရီရဲ့တစ်ဝက်
ကတော့မှန်လောက်မယ် ကျန်တဲ့တစ်ဝက်က
တော့ နည်းနည်းများနေသလိုပဲ။

နဂါးမျိုးနွယ်မှာ နဂါးမျိုးကွဲတွေအများကြီး
ရှိတာကြောင့် နဂါးစစ်သည်တော်တွေအားလုံးက
ဘိုးဘေးတစ်ဆက်တည်းက ဆင်းသက်လာဖို့
မဖြစ်နိုင်ပေ၊ ဂုဏ်သရေအရှိဆုံး
ရွှေနဂါးနဲ့ ရွှေနဂါးနောက်ဒုတိယလိုက်တဲ့
ငွေနဂါးလိုဖြစ်သည်။

ရွှေနဂါးက လက်သည်းငါးခုပါနဂါးဖြစ်ပြီး
နဂါးမျိုးနွယ်ထဲတွင်အဆင့်အတန်း
မြင့်မား၏။ ငွေနဂါးတောင် သူ့ရှေ့မှာ
ဦးညွတ်ရသေးပေသည် ၊ ငွေနဂါးအောက်မှာတော့
ခွန်အားသိပ်မကြီးတဲ့ သွေးမျိုးဆက်နိမ့်တဲ့
နဂါးမျိုးနွယ်အစုံရှိသည်။ ဒါ့ကြောင့်
ကျင့်ကြံဆင့်မြင့်တဲ့ဧရာမငှက်ကြီးလိုအကောင်
အတွက် သွေးမျိုးဆက်မသန့်စင်တဲ့
အဆင့်နိမ့်နဂါးတစ်ကောင်ကို စားရတာက
လက်ကလေးလှန်ပြရသလောက်ပဲရှိပေ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now