Chapter-405

7.1K 1.3K 14
                                    

Unicode
အပိုင်း၄၀၅: အချင်းချင်းသံသယဝင်ခြင်း

လင်းရှောင်က တောက်ပချွဲပျစ်နေတဲ့ ရွှေရောင်အရည်ကို ငုံ့၍ခပ်လိုက်သည်။ ထိုအရည်က
သူ့လက်ချောင်းများကြားထဲမှ ထွက်ကျသွားတဲ့အခါ
လေထုထဲမှာ သတ္ထုဒြပ်စင်ပါဝင်မှု သိပ်သည်းလာ၏။
ရေတွင်းအောက်ခြေက အရမ်းနက်လွန်းတာကြောင့်
သူတို့အထက်မှာရှိနေတုန်းက ဒါကိုမခံစားရဘူး။

ယူရှောင်းမိုက ရေတွင်းအောက်ခြေပတ်ပတ်လည်ကို
လိုက်ရှာလိုက်ပြီး သူ့ခြေထောက်အောက်က
ရွှေရောင်အရည်ကလွဲလို့ တစ်ခြားဘာမှမရှိဘူးဆိုတာ
တွေ့လိုက်ရသည်။ လင်းရှောင်ရှာနေတဲ့အရာက
ဒီရွှေရောင်အရည်များလား?

"ရှောင်းမော့၊ ပုလင်းတစ်လုံးယူပြီးတော့ ဒီအရည်ကို
သိမ်းထားလိုက်။" လင်းရှောင်က ရုတ်တရက်
ပြောလိုက်သည်။

"ဒါကခင်ဗျားရှာနေခဲ့တဲ့ဟာလား?"
ယူရှောင်းမိုက မြန်မြန်မေးလိုက်၏။
မှန်လိုက်လေခြင်း!
သူတကယ်ပဲမှန်အောင်ခန့်မှန်းနိုင်ခဲ့တာပဲ!

"မဟုတ်ဘူး။" လင်းရှောင်က ပြန်ဖြေသည်။

"ကိုယ်က သတ္ထုဒြပ်စင်အဆီအနှစ်ကို ရှာနေတာ။
ဒီဟာက သတ္ထုဒြပ်စင်အဆီအနှစ်ကို  ရှာတွေ့နိုင်ခြေ အများဆုံးရှိတဲ့နေရာဖြစ်တဲ့ နေမျက်လုံးပဲ။
မင်းသေချာသိထားရမယ့် အရာတစ်ခုရှိတယ်လို့
ကိုယ်အရင်ကပြောဖူးတယ်လေ။ သတ္ထုစားသားရဲက
သတ္ထုဒြပ်စင်အဆီအနှစ်ရှိတဲ့နားမှာပဲ
သားပေါက်နိုင်တယ်။"

"ဒါပေမယ့် သတ္ထုဒြပ်စင်အဆီအနှစ်က ဒီနေရာမှာ
ရှိပုံမပေါ်ဘူး။" ယူရှောင်းမိုက ဒီလိုခန့်မှန်းထားပြီးသား
ဖြစ်၏။ ဒါပေမယ့်သူဘေးပတ်ပတ်လည်ကို
တစ်ချက်ကြည့်ပြီးသွားပေမယ့် အရိပ်တစ်ခုတောင်
မတွေ့ရဘူး။

"ရှိတယ်! အဲ့တာက ကိုယ်တို့ခြေထောက်အောက်မှာ။"
လင်းရှောင်က အခိုင်အမာပြောလိုက်၏။

ယူရှောင်းမိုက ခေါင်းငုံ့လိုက်သည်။

"သတ္ထုဒြပ်စင်အဆီအနှစ်က သစ်သားဒြပ်စင်
အဆီအနှစ်နဲ့တူတဲ့ဟာ တစ်ခုခုမဖြစ်သင့်ဘူးလား၊
အစုအပေါင်းတစ်ခုထဲလိုပဲလေ? ဒီအရည်က
ဘာဖြစ်နေလို့လဲ?"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now