Chapter-433

6.8K 1.3K 21
                                    

Unicode
အပိုင်း၄၃၃- အားနည်းတဲ့ဝိဉာဉ်လေး

"တစ်ဆိတ်လောက်၊ လူတိုင်းမှာစာရင်းသုံးခါ
သွင်းခွင့်ရှိတာမလား? ကျွန်တော်က တစ်ပွဲစာပဲ
သွင်းရသေးတာဆိုတော့ ကျန်အခွင့်နှစ်ခါကို
သုံးလို့ရသေးလား?"
ယူရှောင်းမိုက စာရေးအမ သူမရဲ့
မှတ်တမ်းကိုပြင်ပြီးတဲ့အထိစောင့်ပြီးမှ
မေးလိုက်တယ်။

ချောင်ဝူရှင်းက လူတိုင်းမှာစိန်ခေါ်ဖို့အခွင့်အရေး
သုံးခုရှိတယ်လို့ ပြောဖူးတယ်။
ဒီပြိုင်ပွဲတွေကို တက္ကသိုလ်ကျောင်းသားတွေ
အတွက် ပြန်လည်ဦးမော့နိုင်မယ့်အခွင့်အရေးလို့
ယေဘုယျအားဖြင့် သဘောထားကြတယ်၊
ဒါပေမယ့် ပိုသန်မာတဲ့သူတွေအတွက်ကျတော့
ပထမတစ်ကြိမ်ကြိုးစားမှုမှာနိုင်မယ်ဆိုရင်
ကျန်တဲ့နှစ်ကြိမ်ကို ဖြုန်းတီးမိသလိုဖြစ်သွားမှာပေါ့?
ထို့ကြောင့် ယူရှောင်းမိုကမေးလိုက်ခြင်းဖြစ်သည်။

စာရေးအမက ယူရှောင်းမိုရဲ့အမေးကို
မအံ့ဩပေ။

"ရတယ်၊ ဒါပေမယ့် နောက်တစ်ခုအတွက်
စာရင်းမသွင်းခင် ပြိုင်ပွဲပြီးဆုံးသည်အထိ
စောင့်ရမယ်"

တကယ်တော့၊ ဒါကရှုံးခဲ့သည်ဖြစ်စေ
နိုင်ခဲ့သည်ဖြစ်စေ ဆက်၍စာရင်းပေးသွင်းလို့
ရသည်။ ဒါက ရှောင်ယောင်တက္ကသိုလ်က
ပြိုင်ပွဲအတွက် သင့်တော်တဲ့ရက်နဲ့အချိန်ကို
စီစဉ်ဖို့လိုတာကြောင့်နဲ့ တစ်ကြိမ်နှစ်ကြိမ်ပဲ
ကြိုးစားတဲ့လူတစ်ချို့လဲ ရှိတတ်တာကြောင့်ပင်။
ဒါ့ကြောင့် စာရင်းပေးသွင်းခြင်းကို
ခြားလုပ်ရခြင်းဖြစ်သည်။

"တကယ်လို့လုပ်စရာတစ်ခုခုရှိနေပြီးတော့
ပြိုင်ပွဲကိုရောက်မလာနိုင်ဘူးဆိုရင်
စိန်ခေါ်ပွဲမှာဝင်မပြိုင်လို့ရမယ့် နည်းများရှိလား?"

သူ့စကားကိုကြားတော့ စာရေးအမက
မျက်ခုံးအနဲငယ်ပင့်သွားသည်။

"ရှိတယ်၊ အဲ့လိုလုပ်ဖို့နည်းတွေရှိပေမယ့်
ငါးရက်ကြိုလျှောက်ထားရမယ်။
လက်ခံနိုင်တဲ့အကြောင်းပြချက်လဲရှိရမယ်။
မင်းရဲ့လျှောက်ထားချက်ကို အတည်ပြုပြီးမှသာလျှင်
စာရင်းကနေနာမည်ဖယ်ပေးလို့ရမယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now