Chapter-444

6.9K 1.2K 25
                                    

Unicode
အပိုင်း၄၄၄- အသွင်ပြောင်းလဲခြင်းအခန်း

သူတို့တွေတာလီတွေရခဲ့တယ်၊
ချောင်ဝူရှင်းနဲ့ကျန်သူတွေက သူတို့နဲ့အတူ
မလိုက်လာခဲ့ပေမယ့်လည်း သူတို့က
ယူရှောင်းမိုအိပ်ယာမထခဲ့တဲ့အရင်ရက်က
ယူထားပြီးဖြစ်သည်။ တစ်ယောက်ကလွဲရင်
သူတို့အားလုံးသုံးမှတ်ရတယ်။

ဒါပေါ့၊ အဲ့တစ်ယောက်က အန်းချောင်ပဲ၊
သူ့ရဲ့နောက်ဆုံးပြိုင်ပွဲတုန်းကတစ်စုံတစ်ခုဖြစ်ပွားခဲ့
ပြီး ရှုံးနိမ့်သွားခဲ့တယ်။ ယူရှောင်းမိုမကြည့်ခဲ့
သော်လည်း ကြားပြီးဖြစ်၏။

အန်းချောင်က အဆင့်ခုနစ်အလယ်ဆင့်မှော်ဆရာ
ဖြစ်ပြီး အထပ်ခြောက်ဆယ်ကလဲ
အဆင့်ခြောက်အဆင့်ခုနစ်မှော်ဆရာတွေအများစု
ပါဝင်နေတယ်။ သူ့မာနအတွက် သူက
အဆင့်တူပြိုင်ဖက်တစ်ယောက်ရွေးခဲ့တယ်၊
ဒါပေမယ့်မင်းသိတဲ့အတိုင်းပဲ၊ တစ်ခြားသူက
တိုက်ပွဲတစ်ရာလောက်မတိုက်ခဲ့ရင်တောင်မှ
သူတို့ကအတွေ့အကြုံတော်တော်လေးရှိတဲ့
သက်ရင့်သမားတွေလေ။

သို့ပေမယ့် အန်းချောင်ကတော့
ယူရှောင်းမိုနဲ့မတွေ့ခင်တုန်းကသူ့ဘဝက
လေပြေလေးလိုပဲ တစ်ခါမှအရိုက်မခံခဲ့ရဘူးပဲ
အေးဆေးနေခဲ့တာလေ။ အစစ်အမှန်တိုက်ပွဲ
အကြောင်းပြောရမယ်ဆိုရင် လက်နှစ်ဖက်နဲ့တောင်
ရေကြည့်လို့ရလောက်တယ်။

သူ့လိုလူတစ်ယောက်အတွက်တော့
'အတွေ့အကြုံ' ဆိုတာကအလွန်ဆုံးမှစာရွက်ပေါ်
မှာပဲရှိတယ်၊ တကယ့်လက်တွေ့က လုံးဝ
လစ်လပ်နေတာကြောင့် ပြိုင်ပွဲရဲ့ရလဒ်က
ထင်ရှားနေပြီ။

တိုက်ပွဲတစ်ခုမှာ အဆင့်ကပဲအရေးပါတာမဟုတ်ဘူး။

ဥပမာအားဖြင့် စိတ်ဝိဉာဉ်ကျင့်စဉ်တွေကျင့်ထားတဲ့
အဆင့်ခုနစ်မှော်ဆရာတစ်ယောက်နဲ့
တိုက်ခိုက်စွမ်းရည်မရှိတဲ့ အဆင့်ရှစ်မှော်ဆရာ
တစ်ယောက်ယှဉ်တိုက်မယ်ဆိုရင် သူလုပ်နိုင်တာ
အားလုံးက ဖိအားလေးနဲနဲလောက်ပေးနိုင်တာပဲ
ရှိတယ်။

ထိုမျှမကသေး၊ တစ်ချို့မှော်ဆရာတွေရဲ့
နတ်ဆိုးသားရဲတွေက သူတို့ပိုင်ရှင်ထက်ကို
ပိုသန်မာကြတာကြောင့်
ဆက်နွယ်နတ်ဆိုးသားရဲများဆင့်ခေါ်ခြင်းကို
တားမြစ်ထားသည့်စည်းမျဉ်းတစ်ခုလဲရှိသည်။
ထို့ကြောင့်မျှတရန်အတွက် ၎င်းကိုလုံးဝမှ
တားမြစ်ထား၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now