Chapter-568

6.6K 1.2K 78
                                    

//Unicode//

အပိုင်း(၅၆၈) မြို့၏မှော်ဆေးပင်အရောင်းဆိုင်

တုံကျိုးကို မျိုးနွယ်စုများဖြင့်ဖွဲ့စည်းထားကာ
အဓိကမျိုးနွယ်စုကြီးသုံးခုရှိသည်။

နှစ်ခုက ချန်ရှန်းရုန်အရင်ကပြောခဲ့ဖူးသည့်
ကူမာမျိုးနွယ်စုနှင့် ရွှေ့ရှီမျိုးနွယ်စုဖြစ်သည်။
တတိယက ကွမ်ကျိုးမျိုးနွယ်စုဖြစ်ကာ ၎င်းတို့ထဲတွင်
ကူမာမျိုးနွယ်စုက အကျယ်ဆုံးဖြစ်ပြီး
ခွန်အားအကြီးဆုံးဖြစ်သည်။

တုံကျိုးတွင် အကြီးဆုံးမြို့ဖြစ်သောဝူရှန်မြို့သည်
ကူမာမျိုးနွယ်စု၏တစ်စိတ်တစ်ပိုင်းဖြစ်၏။

ပြန်လည်ဝင်စားခြင်းဆေးလုံးအတွက်​ နောက်ဆုံး
ကျန်ရှိနေသည့် မှော်ဆေးပင်နှစ်မျိုးကိုရှာရန်အတွက်
အနီးဆုံးဒေသကို အရင်သွားရမည်ဟုတွက်၍
ဝူရှန်မြို့သို့ သူတို့ရောက်ရှိလာကြသည်။ ၎င်းက
မျိုးနွယ်စုလေးများစွာမှ မြို့တစ်မြို့အဖြစ်သို့
စုပေါင်းထားခြင်းဖြစ်ပြီး တောင်တန်းတစ်လျှောက်
အစဉ်တိုင်းရှိနေသည်ဖြစ်ရာ ပုံမှန်မြို့ကြီးများကဲ့သို့
ပိပြားသပ်ရပ်မနေပေ။

ဝူရှန်မြို့က ကူမာမျိုးနွယ်၏ဌာနချုပ်ဖြစ်၍
မြို့ကိုစောင့်ကြပ်နေသည့် စွမ်းအားကြီးပုဂ္ဂိုလ်များစွာ
ရှိသဖြင့် ကျိကျိုးမြို့မှာလို ရုတ်ရုတ်ရုတ်ရုတ်
လုပ်၍မရပေ။ ကူမာမျိုးနွယ်စုနှင့် သွေးစွေးနီမိသားစု
ကြားရှိ ဆက်နွယ်မှုကြောင့် သူတို့
ပြောင်ပြောင်တင်းတင်း သွားလာ၍လည်းမရနိုင်ချေ။

မြို့အစွန်၌၊ ယူ​ရှောင်းမိုသည် မြို့ရှိရာဘက်သို့
မျှော်ကြည့်လိုက်ရာ အမှန်ပင်စည်ကားလျက်ရှိပေ
သည်။

"လင်းရှောင်၊ ခင်ဗျားဒီမှာစောင့်နေခဲ့ပါ့လား၊
မှော်ဆေးပင်နှစ်မျိုးရှိမရှိကို ကျွန်တော်ပဲ
သွားကြည့်လိုက်မယ်။ ဒီလိုဆို ကျွန်တော်တို့ကို
သူများသိသွားနိုင်မယ့် အခွင့်အရေးနည်းသွားမယ်။
ဘယ်လိုသဘောရလဲ?"

ယူရှောင်းမို လင်းရှောင်ဘက်လှည့်ရင်းမေးလိုက်
သည်။

လင်းရှောင်က သူ့ကိုကြည့်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Onde histórias criam vida. Descubra agora