Chapter-457

7.8K 1.2K 12
                                    

Unicode
အပိုင်း၄၅၇- ငပြောင်

သားရဲအသွင်ပြောင်းကျင့်စဉ်ရဲ့လူသားအရေပြား
မျက်နှာဖုံးအမျိုးအစားမှာ အလယ်လတ်ဆင့်
ကျင့်စဉ်ဖြစ်သည်။ ၎င်းကအထပ်ခြောက်ဆယ်ရဲ့
သားရဲအသွင်ပြောင်းအခန်းတွင်ရှိသော်လည်း
ကျင့်စဉ်တွေမရေမတွက်နိုင်လောက်အောင်ရှိတဲ့
ထဲကနေ သူလိုချင်တာရှာဖို့က
မလွယ်ကူချေ။ သို့သော်လည်း သူ့မှာ
ဖြုန်းနေစရာအချိန်မရှိပေ။

ညလယ်ခေါင်ကြီးမှာလူတွေဒီနေရာကိုရောက်လာ
နေတာကိုတွေ့တော့ သားရဲအသွင်ပြောင်းအခန်းစောင့်
က နှစ်ခါပြန်မကြည့်ဘဲမနေနိုင်တော့ချေ။
နီးနီးကပ်ကပ်စစ်ကြည့်လိုက်တော့
ဒီရက်တွေမှာ လူတွေစကားဝိုင်းရဲ့ခေါင်းစဉ်ဖြစ်နေတဲ့
ယူရှောင်းမိုဖြစ်နေတာသိသွားတယ်။
အဲ့ဒီ့နောက်မှာတော့ အစောင့်ကယူရှောင်းမိုနောက်ကို
အမှတ်တမဲ့ကြည့်မိသွားတယ်။ လင်းရှောင်ကို
မတွေ့တဲ့အခါမှာတော့ သူ့အကြည့်ကိုချက်ချင်း
ပြန်ရုတ်လိုက်တော့သည်။

တစ်မှတ်ပေးပြီးနောက်မှာ ယူရှောင်းမိုက
သားရဲအသွင်ပြောင်းအခန်းထဲဒရာသောပါး
ပြေးဝင်သွားတော့သည်။

ညနက်နေပြီဖြစ်သော်ငြား အခန်းထဲတွင်
လူအတော်များများရှိနေသေးသည်။
သူရောက်သွားတဲ့အခါ တရားထိုင်ခြင်းအခြေအနေထဲ
မဝင်ရသေးတဲ့လူတစ်ယောက်စနှစ်ယောက်စ
လောက်ကပဲ သူ့ကိုတစ်ချက်လှမ်းကြည့်ကြတယ်။

ယူရှောင်းမိုက အခန်းတွင်းကိုတစ်ချက်ကြည့်
လိုက်တယ်။ ညဘက်မှာ ကျောက်နံရံက
နေခင်းဘက်ဆိုရင်မမြင်နိုင်တဲ့
မီးခိုးရောင်ခပ်ဖျော့ဖျော့အလင်းတစ်ခု
ထုတ်လွှင့်နေ၏။

တော်တော်လေးလူရှင်းတဲ့နေရာလွတ်တစ်ခုကို
တွေ့ပြီးနောက်မှာတော့ ယူရှောင်းမိုက
တရားစထိုင်လိုက်တော့သည်။

ကျောက်နံရံက ပင်လယ်တစ်ခုနဲ့တူကာ
သူလိုချင်တဲ့ရေတစ်စက်ကိုရှာနေတာက
ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေသလိုပင်။
ထို့ကြောင့်ပင် ဤအခိုက်အတန့်သည်
သူ့ကံနှင့်ဇွဲလုံ့လပေါ် တွင်သာ မူတည်နေ၏။

သူ့မှာတစ်ရက်ပဲအချိန်ရှိတယ်။ ယူရှောင်းမိုဆီက
ထွက်လာတဲ့စိတ်ဝိဉာဉ်အားက
ပိတ်စကြီးတစ်ခုကဲ့သို့ပျံ့နှံ့သွားကာ
ပင်လယ်ကြီးနဲ့တူတဲ့ကျောက်နံရံကို
ရူးသွပ်စွာဖုံးအုပ်သွားတော့သည်။
၎င်းက သားရဲအသွင်ပြောင်းကျင့်စဉ်များကို
မြန်ဆန်သွက်လက်စွာစစ်ထုတ်နေသည်၊
ဤနည်းမှာအကြမ်းဆန်သော်လည်း
အထိရောက်ဆုံးဖြစ်၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now