Chapter-473

6.1K 1.2K 56
                                    

Unicode
အပိုင်း၄၇၃- စကားသုံးလုံး

"နတ်ဘုရားဆယ်ပါးစာရင်းပေါ် က
ကျင့်ကြံသူတစ်ဦးအနေနဲ့၊ လူကြီးမင်းလင်းမော့......
ဝေ့ပိုင်အတွက် အရမ်းကိုထူးခြားတဲ့လက်ဆောင်
ပြင်လာတယ်ဖြစ်မယ်။ အဲ့လိုမှမဟုတ်ရင်
အဆုံးထိစောင့်နေမှာမဟုတ်ဘူးလေ။
ဒီအဖိုးကြီးကအရမ်းကိုသိချင်နေပါပြီ။
လူကြီးမင်းလင်းမော့၊ ငါတို့ကို
တစ်ချက်လောက်ထုတ်ပြရင်ရော?"

မီးတောက်က လုံလုံလောက်လောက်
မလောင်သေးသည့်အခါ အဖိုးကြီးက
မုတ်ဆိတ်ကိုသပ်လိုက်ပြီး ယပ်ခတ်ပေးနေ၏။

လူတိုင်းရဲ့အာရုံက လင်း​ရှောင်ပေါ်
ရောက်လာတော့သည်။ သူဘယ်လိုလက်ဆောင်မျိုး
ထုတ်မလဲဆိုတာ သူတို့လဲသိချင်တယ်။

ဒါပေါ့ ၊ သူများမကောင်းကြံခံနေရတာကို
ဝမ်းသာပျော်ရွှင်နေသူလဲမပြတ်ပေ။

မျက်စိလျင်သူတိုင်း သွေးစွေးနီကလန်က
လင်းရှောင်ကို တမင်သက်သက်ပစ်မှတ်ထားနေ
သည်ကို တွေ့နိုင်သည်။

သူက စွမ်းအားကြီးကောင်းကြီးနိုင်သည်၊
ဒါပေမယ့် ခွန်အားတစ်ခုတည်းက
အရာရာမဟုတ်ပေ။
ထို့ပြင် ရွှေကြိုးမျှင်ချပ်ဝတ်ကို
လက်ဆောင်အဖြစ်ပေးပြီးပြီဖြစ်ရာ
သူ့လက်ဆောင်ရဲ့အဆင့်က အလွန်နိမ့်ကျနေလျှင်
မျက်နှာပျက်ရပေမည်။ ရွှေကြိုးမျှင်ချပ်ဝတ်ထက်
ပို၍အဖိုးတန်သည့်ပစ္စည်းများရှိသော်ငြား
ထုတ်ပေးချင်သူများစွာရှိမည်မဟုတ်ပေ။

ဒီဟာက လင်းရှောင်အတွက်ထောင်ထားသော
ထောင်ချောက်ဖြစ်၏။ သူမိသွားသည်ဖြစ်စေ၊
မမိသွားသည်ဖြစ်စေ၊ သွေးစွေးနီကလန်က
သူ့ကိုအရှက်ကွဲစေမယ့်ရည်ရွယ်ချက်
ပြီးမြောက်သွားမည်ဖြစ်သည်။

လူတိုင်းအကြည့်အောက်မှာ၊ လင်းရှောင်က
အဆုံးမှာတော့ မတ်တပ်ထရပ်လိုက်သည်။

ချောမောတဲ့မျက်နှာပေါ် မှာ အမူအရာ
ပြောင်းလဲသွားခြင်းမရှိပေ။ သူက တည်ငြိမ်
လွန်းနေတာကြောင့် လူတွေကထူးဆန်းတယ်လို့
ခံစားလာရတော့သည်။ ခရမ်းရောင်မီးလျှံများ
ကခုန်နေသယောင်ရှိသည့်
လင်းရှောင်မျက်လုံးများက သူ့အပေါ်
ကျလာသည့်အခါ ထိုအကြီးအကဲက
အေးစိမ့်မှုတစ်ခုကိုခံစားလိုက်ရ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now