Chapter-544

6.3K 1.2K 71
                                    

//Zawgyi//

အပိုင်း(၅၄၄) မြို့ကနေထွက်ခွာခြင်း

ရောက်လာတဲ့တစ်ယောက်ကရှင်းချီဖြစ်လေသည်။
သို့ပေမယ့် ကောင်းယွင်တော့အတူပါမလာပေ။

ဟယ့်ရှုန်းကမြောက်ဘက်ကိုပဲ အစောင့်တင်းတင်း
ကြပ်ကြပ်ချထားတာကမသင်္ကာစရာကောင်းနေ
တာကို ရှင်းချီရောကောင်းယွင်ရောသိကြသည်။
သူတို့စဉ်းစားလေလေ ပို၍ထူးဆန်းလာလေလေပင်။
မော့ကျင်းက ရေရှင်မြစ်နယ်နိမိတ်ကိုသွားကို
သွားရမယ်လို့ဘယ်သူကပြောလဲ။ တောင်ဘက်ကနေ
ထွက်ပြီး နယ်နိမိတ်ကိုမသွားတာလဲဖြစ်နိုင်သည်ပင်။

ဒါကြောင့်ရှင်းချီနဲ့ကောင်းယွင်က လူခွဲရန်ဆုံးဖြတ်
လိုက်ကြသည်။

ရှင်းချီကတောင်ဘက်ကိုစောင့်ကြပ်မည်ဖြစ်ပြီး
ကောင်းယွင်နှင့်ဟယ့်ရှုန်းက မြောက်ဘက်ကို
စောင့်ကြပ်ကြမည်ဖြစ်၏။

သူတို့အတွေးထဲမှအစီအစဉ်ကတော့ချောမွေ့
လေသည်။ သို့သော်ရှင်းချီသွားနေတဲ့လမ်းတစ်ဝက်မှာ
အနောက်ဘက်ပိုင်းကကသောင်းကနင်း
ဖြစ်ကုန်သည်။ တစ်စုံတစ်ယောက်ကဂိတ်တံခါး
တွေကိုဖောက်ခွဲပစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွား
စေသည်။ ရှင်းချီရဲ့အလိုလိုသိစိတ်က ဒီကိစ္စက
မော့ကျင်းနဲ့ပတ်သက်နေတယ်လို့ပြောနေသည်။

ရှင်းချီက မြို့တံတိုင်းပေါ်မှာရပ်လိုက်ကာ
မြို့တံခါးအပြင်ဘက်ကိုပြေးထွက်နေကြတဲ့
လူအုပ်ကြီးကိုစေ့စေ့စပ်စပ်လိုက်ကြည့်လိုက်၏။
သူကထိုလူအုပ်ကြီးထဲတွင်ရောနှောနေသည့်
မော့ကျင်းကိုရှာတွေ့နိုင်ဖို့ရည်ရွယ်ချက်ဖြင့်
တစ်ယောက်ပြီးတစ်ယောက်ကိုသေချာ
ကြည့်နေသည်။

သူတို့အားလုံးကိုတားလိုက်ချင်ပေမယ့် အဲ့လို
လုပ်တာကဆူပူအုံကြွမှုတွေဖြစ်စေနိုင်ရုံသာမက
သူကလည်းကိုယ်ပွားခွဲလို့မရနိုင်ပေ။

"ဟဲ ရှင်းချီ...မင်းကိုတကယ်ပဲခွာချလို့မရပါလား"

ထိုအချိန်၌ သူ့နောက်ဘက်မှအတန်ငယ်နက်ရှိုင်းသည့်
အသံတစ်ခုကအသိပေးခြင်းမရှိဘဲထွက်ပေါ်လာ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now