Chapter-561

6.1K 1.3K 61
                                    

//Unicode//

အပိုင်း(၅၆၁) မြင့်မားသည့်အဆင့်တစ်ခုကို
စိန်ခေါ်ခြင်း

ဇီးနက်ပင်မြို့တွင် ထုံထျန်းတိုက်မကြီးပေါ်မှ
အင်အားစုကြီးများအားလုံး စုစည်းလျက်ရှိ၏။
ဒီလူတွေအားလုံးက ထုံထျန်းတိုက်မကြီးကို
ခြေထောက်တစ်ချက်ဆောင့်ရုံဖြင့် လှုပ်ခါနိုင်စွမ်း
ရှိသည့် ဩဇာကြီးမားသူများဖြစ်ကြရာ
အခြားသူများသာမြင်ခဲ့လျှင် ရုတ်ရုတ်သဲသဲဖြစ်သွား
မှာသေချာနေသည်။

သူတို့ကိစ္စကြောင့်နဲ့ ဩဇာကြီးသူဒီလောက်များများ
ထွက်ပေါ်လာကြမယ်လို့ ယူရှောင်းမိုကိုယ်တိုင်လည်း
ထင်မထားခဲ့ချေ။ ကိစ္စများသာအမှန်တကယ်
တင်းမာလာပါက ထိန်းမနိုင်သိမ်းမရဖြစ်လာမှာ
ဧကန်ပင်။

"နောက်ဘာဆက်လုပ်ကြမလဲ"

ယူရှောင်းမို လင်းရှောင်အင်္ကျီကိုဆွဲပြီး တိုးတိုး
ကပ်ပြောလိုက်သည်။

"တိုက်ပွဲတစ်ခုကိုတော့ရှောင်လွှဲလို့မရဘူး"

သူ့စိတ်ထဲကို လင်းရှောင်အသံဝင်ရောက်လာသည်။

ယူရှောင်းမိုနားမလည်ပေ။ "ဘာလို့လဲ"

သူတို့ဘက်တွင် ဖူချန်ချုံးနှင့်လိပ်နက်မျိုးနွယ်၊
သူ့တောက်တဲ့ဖေဖေရှိသည်။ သူကအရင်က
မသန်မာတော့သော်လည်း ဆိုးဆိုးကောင်းကောင်း
နတ်ဘုရားအဆင့်ကျင့်ကြံသူဖြစ်ပေသည်။ သူတို့တွင်
နတ်ဘုရားအဆင့်အားလုံးပေါင်း လေးယောက်ရှိနေပြီး
ယူကျန်ထျန်းဘက်၌ နတ်ဆိုးဖီးနစ်မျိုးနွယ်တစ်ခုသာ
ရှိသည်၊ ဘာလို့ဆိုချီလင်မျိုးနွယ်က သူတို့နေရာကို
ရှင်းအောင်မလုပ်သေးသောကြောင့်ပင်။ သူတို့
ရပ်တည်ခဲ့ရင်တောင် ဟိုဘက်သည်ဘက်အညီအမျှပဲ
ဖြစ်သည်။

လင်းရှောင်ကပြောသည်။

"ဇီးနက်ပင်မြို့က ကျုံထျန်းအစွန်အဖျားဆိုပေမဲ့လို့
မှော်ဆရာအစည်းအရုံးနဲ့သားရဲသဏ္ဍာန်ပြောင်းလဲခြင်း
အဖွဲ့အစည်းရဲ့ပိုင်နက်ပဲ ဖြစ်နေသေးတယ်။ ဒါ့အပြင်
သူတို့အထက်မှာ ထုံထျန်းနန်းတော်ကလည်း
ရှိနေသေးတယ်၊ ဒါကြောင့် အစည်းအရုံးကြီးနှစ်ခုက
သူတို့ကိုတိုက်ခိုက်ခွင့်ပေးမှာမဟုတ်ဘူး။
နတ်ဘုရားအဆင့်တွေ ဖျက်စီးနိုင်တဲ့ပမာဏက
မင်းတွေးမိမှာမဟုတ်တဲ့အရာမျိုးပဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now