Chapter-557

6K 1.2K 19
                                    

//Unicode//

အပိုင်း(၅၅၇) လောဘဝံပုလွေ၏အသက်သလင်း

"ဘာလို့အဲ့လိုလာကြည့်နေတာလဲ?"

လင်းရှောင်က သူ့ရဲ့ကြောင်အမှင်သက်နေသည့်
အမူအရာကို မျက်လုံးထောင့်စွန်းမှမြင်လိုက်ပေမဲ့
သူကိုယ်တိုင်ကတော့ တည်ငြိမ်ပြီးဣဒြေရရ
ရှိနေဆဲဖြစ်ကာ ယူရှောင်းမို ဘာတွေးနေသလဲ
နားမလည်သည့်အလားပင်။

ယူရှောင်းမို မျက်နှာပေါ်ကအမူအရာကိုဘေးဖယ်
ထားလိုက်သည်။

"ခင်ဗျားဘယ်လောက်ပေးလိုက်တာလဲ?"

လင်း​ရှောင်က နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။

"စွမ်းအင်ကျောက်တုံးသန်းတစ်ရာ့တစ်ဆယ်"

ယူရှောင်းမို တစ်ခါထပ်ပြီးအံ့ဩသွားရပြန်သည်။
ကြမ်းခင်းဈေးက သန်းတစ်ရာဖြစ်သည်၊ ဒါဆို
သူက တကယ်ပဲ စွမ်းအင်ကျောက်တုံးဆယ်သန်းပဲ
တိုးပေးခဲ့သည်ပေါ့?

လင်းရှောင်ကမျက်ခုံးပင့်လိုက်၏။

"ပြဿနာရှိလို့လား"

"ဟင့်အင်း..." လက်ရှိလင်းရှောင်က ယုံကြည်ရ
ခက်သည်ဟု ယူရှောင်းမိုခံစားနေရတုန်းပင်။
သူ့စရိုက်က တကယ်ကိုပြောင်းလဲသွားသည်။

ဝူချန်ကူညီ၍ရှာဖွေပေးခဲ့သည့်ပမာဏထက်
လေလံပွဲက မှော်ဆေးပင်ပမာဏကပို၍ပင်
များပြားပြီး ဈေးနှုန်းကလည်းစွမ်းအင်ကျောက်တုံး
သန်းတစ်ရာ့သုံးဆယ်ထက်လျော့လိမ့်မည်မဟုတ်တာ
တော့သေချာသည်။ သို့တိုင်အောင် လင်းရှောင်က
သန်းတစ်ရာ့တစ်ဆယ်ပဲ ပေးခဲ့သည်။ ပြီးတော့
ဒါကစမ်းသပ်ကြည့်ရုံပဲလို့တောင်ပြောခဲ့သေးတယ်
လား??

လူသားအဆင့်လွန်မှော်ဆေးပင်များက
စွမ်းအားကြီးသူတိုင်းအတွက် ဆွဲဆောင်မှုပြင်းလှ
သဖြင့် ယှဉ်ပြိုင်သူအတော်လေးများပေသည်။
သို့ပေမဲ့ နောက်ပိုင်းအတွက်လည်းငွေကြေး
လုံလုံလောက်လောက်ကျန်ရှိနေစေရန်အလို့ငှာ
လေလံဆွဲသူမများလှဘဲ လေလံဆွဲသူဆိုသည်က
လည်း ငွေရေးကြေးရေးအတော်လေးကောင်းသူများ
ဖြစ်သည်။

သူတို့နှစ်ဦး ဆွေးနွေးခန်းပြီးဆုံးသည့်အချိန်၌
ဈေးနှုန်းက သန်းသုံးဆယ်ထိတက်နေပြီဖြစ်ပြီး
ယူရှောင်းမို ပေးမည့်ကနဦးဈေးနှုန်းထက်
သာလွန်နေသည်။ သို့သော် အကန့်အသတ်ကို
မရောက်သေးသဖြင့် ဈေးထပ်မြှင့်ပေးနေကြသည့်
လူများရှိနေဆဲပင်ဖြစ်၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now