Chapter-470

6.4K 1.2K 45
                                    

Unicode
အပိုင်း၄၇၀- ယုံလွယ်သူ

ယူရှောင်းမိုနဲ့ လင်းရှောင်မှာ ဘယ်လိုတုံ့ပြန်မှု
ရှိလဲ? ဘယ်လိုတုံ့ပြန်မှုမှမရှိဘူး။
စရိတ်ခြွေတာသူနဲ့ အစားပုတ်လေးဖြစ်တာကြောင့်
သူမကျေနပ်မချင်းမစားခဲ့ရင် ဒီခရီးက
အလကားဖြစ်သွားမယ်လို့ ခံစားရတယ်၊
ဒါ့ကြောင့်ပဲ သူက လင်းရှောင်ကိုဆွဲခေါ် ပြီး
စားပွဲရှည်ကြီးနှစ်ခုကို ကသုတ်ကရက်
ပြေးနေတယ်။

လူငယ်က ဘာတွေပြောနေတာလဲ?
စိတ်တော့မကောင်းပေမယ့်၊ သူမကြားလိုက်ဘူး!

လင်းရှောင်ကလဲ ဘာကိုမှခံစားမိပုံမပေါ် ပေ။

လူငယ်အပါအဝင် လူတိုင်းက
သူတို့ကိုကြည့်နေပြီး တုံ့ပြန်မှုကိုကြည့်ဖို့ပြင်နေ
စဉ်မှာ ပါဝင်တဲ့ပုဂ္ဂိုလ်ကတော့
စားပွဲရှည်တွေပေါ် ကအစားအစာအသစ်တွေကိုပဲ
ကြည့်နေပြီး ပတ်ဝန်းကျင်ကစကားတွေ၊
အကြည့်တွေကို အလိုအလျောက်ပိတ်ထားသည်။

လူငယ်ရဲ့အမူအရာက အနဲငယ်မဲမှောင်သွား
တော့သည်။ သူက တကယ်ပဲလျစ်လျူရှု
ခံနေရတာပဲ။

"ရေးကြီးခွင်ကျယ်မလုပ်နဲ့၊ ဒါကချန်မဟာမိတ်ရဲ့
ပိုင်နက်" အကြီးအကဲရဲ့အသံက သူ့နားဘေးမှာ
တိုးတိုးပေါ် လာတယ်။

လူငယ်က နှာမှုတ်လိုက်တယ်၊ သို့ပေမယ့်
သု့အကြံကိုနားထောင်ပြီး တစ်ခြားဘာမှ
ထပ်မပြောတော့ချေ။

အဲ့ဒီ့အခိုက်အတန့်မှာ ခြေသံတစ်စုံက
လူငယ်ရဲ့နောက်မှ ရုတ်တရက်ထွက်လာသည်။
ခြေသံနှင့်အတူ လူငယ်ရဲ့နားထဲဝှေ့လာသလို
ရှင်းလင်းထင်ရှားတဲ့ လှောင်သံတစ်သံပါလာ၏။

"တစ်ခြားလူတွေက နင့်ကိုလုံးဝအရေးမလုပ်တာပဲ။
ရှက်စရာကောင်းလိုက်တာ!"

ရင်းနှီးနေတဲ့အသံကိုကြားတော့
ခက်ခက်ခဲခဲဖိနှိပ်ထားရတဲ့ဒေါသက
လွယ်လွယ်ကူကူလှုံ့ဆော်ခံလိုက်ရ၏။
သူကကြည့်ဖို့ နောက်လှည့်လိုက်တယ်။
ထားလိုက်တော့၊ အမုန်းဆုံးလူပဲ။

"ကျိဖုန်း၊ နတ်ဆိုးဖီးနစ်မျိုးနွယ်က မင်းကို
တကယ်ပဲလွှတ်လိုက်တာပဲ" လူငယ်က
အံကြိတ်ပြောလိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now