Chapter-411

6.9K 1.3K 41
                                    

Unicode
အပိုင်း၄၁၁: လေအနှစ်သာရ

ယူအန်းထိုက်၏အသံက အရင်ရောက်လာ၏။

လင်းရှောင်က ခပ်လှမ်းလှမ်းကိုကြည့်ဖို့ ခေါင်းမော့
လိုက်တဲ့အခါမှာ လေကိုဆန့်ကျင်ပြီးရပ်နေသည့်
ဝေဝါးဝါးပုံရိပ်တစ်ခုက ပေါ်လာသည်။
လျှင်မြန်သောရွေ့လျားမှုအနဲငယ်ဖြင့်
ခါးကုန်းကုန်းအဘိုးအိုတစ်ယောက်က
လူတိုင်းရှေ့တွင် ပေါ်ထွက်လာ၏။

ဤပုဂ္ဂိုလ်မှာ သံသွေးနတ်ဘုရား၊ယူအန်းထိုက်​
ဖြစ်သည်။ သူ့အသွင်အပြင်က သူနာမည်နဲ့
လားလားမှမသက်ဆိုင်ပေ။ သူက သာမာန်အဘိုးအို
တစ်ယောက်နှင့်တူသည်။ သူ့ဆံပင်နှင့်မုတ်ဆိတ်မှာ
နှင်းကဲ့သို့ဖြူဖွေးနေသော်လည်း သူ၏တည်ငြိမ်သော
မျက်နှာတွင်မူ မျက်လုံးများကတောက်ပနေကာ
သူ့အကြည့်အောက်ရောက်သွားသည့် မည်သူမဆို
သူတို့၏ဦးရေပြားများ စပ်ဖျဉ်းဖျဉ်းဖြစ်သွားတာကို
ခံစားရသည်။

သူကအခုမှရောက်တာလား ဒါမှမဟုတ်
ကြည့်နေတာကြာနေပြီလားဆိုတာ ဘယ်သူမှမသိပေ။
သို့သော် နောက်တစ်ခုကပို၍ဖြစ်နိုင်ခြေရှိသည်။
ဘာလို့လဲဆိုတော့ ယူမင်းက လင်းရှောင်သတ်တာ
ခံရခါနီးမှာ သူရောက်မလာခဲ့တာကြောင့်ပင်။

ယူအန်းထိုက်ကအသက်ကြီးပြီဖြစ်သော်လည်း
သံသွေးနတ်ဘုရားဟူသော နာမည်ရခဲ့ခြင်းမှာ
သူ့လက်ထဲ၌လူများစွာသေပြီးဖြစ်ကြောင်းကို
ဆိုလိုသည်။ ထို့ကြောင့် သူကသွေးစွေးနီကလန်၏
အရက်စက်ဆုံးသူမဟုတ်တောင်မှ
ထိပ်ဆုံး၌သေချာပေါက်ပါဝင်ပေသည်။

သူကလူအုပ်ကို ကြီးမားသောဖိအားဖြင့် လွှမ်းခြုံ
လိုက်သည်။ လေထုကအေးခဲသွားသယောင်ရှိ၏။
အသက်ရှူရတာတောင်မှ ခက်ခဲလာပြ်ီးတော့
လူအုပ်က တိတ်ဆိတ်သွားတော့သည်။

ယူမင်းကပျော်ရွှင်စွာ လျှောက်လာသည်။
"အကြီးအကဲထိုက်၊ အကြီးအကဲကဘယ်လိုများ
ရောက်လာတာပါလဲ?"

အကြီးအကဲထိုက်ရှိလျှင် အခြေအနေတစ်ခုလုံးက
ပြောင်းပြန်ဖြစ်သွားပြီ ဖြစ်သည်။ ဒီလင်းမော့က
ထပ်ပြီးဒီရေကိုပြောင်းပြန်ဖြစ်အောင် လုပ်နိုင်မယ်လို့
သူမယုံကြည်ပေ။ သူ့ကိုလုပ်ထားသမျှအရာအားလုံး
ပြန်ပေးဆပ်ရအောင် ဒီအခွင့်အရေးကို
အသုံးချရမယ်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now