Chapter-496

6.7K 1.2K 83
                                    

A slight warning! Hehe

Unicode

အပိုင်း၄၉၆- မောက်မာတဲ့လက်တွဲဖော်

ယူရှောင်းမို ခေါင်းကိုလက်နဲ့ကာထားရင်း
ငုတ်တုတ်ထိုင်ချလိုက်တယ်၊ အမှန်တရား
တစ်ခုကိုလဲ သိရှိလိုက်ရသည်-
ဘဝင်မြင့်လွန်းလို့မရဘူး! တစ်ချိန်တည်းမှာပဲ
သူ နည်းနည်းလည်းစိတ်တိုသွားရတယ်၊
အနဲဆုံးတော့ ခေါင်းမခေါက်ခင်ပြီးအောင်
ပြောပါရစေဦး။

မျက်နှာချင်းဆိုင်တွင် ၊ ရှင်းလော့မြို့အရှင်မှာ
အလွန်ထိတ်လန့်သွားပြီး
အတွင်းခံဘောင်းဘီတောင် ကျွတ်သွားလုနီးနီးပင်။

ယူရှောင်းမိုမပြောလိုက်ရတဲ့အရာကို
သူသိလိုက်ပြီးဖြစ်ပြီး အဲ့တာကြောင့်ပဲ
သူ့မျက်လုံးထဲရှိ
ထိတ်လန့်ကြောင်အနေတဲ့အကြည့်မှာ
အလွန်တရာပေါ် လွင်နေသည်။ ပိုင်နက်တစ်ခုအား
ကမ္ဘာလေးတစ်ခုအဖြစ် ယူဆနိုင်ကာ
ထိုကမ္ဘာလေးထဲ၌ ပိုင်ရှင်ကနတ်ဘုရား
ဖြစ်ပေသည်၊ နောက်ထပ်လူတစ်ယောက်
တကယ်ပဲရှိနေခဲ့ရင် သူဘယ်လိုလုပ်
မသိဘဲနေမလဲ။ ဖြေရှင်းချက်က နှစ်ချက်သာ
ရှိ၏။

တစ်ခုက ယူရှောင်းမို သူ့ကိုလိမ်နေတာ၊
ဒါပေမယ့် ထိုအချက်ကမဖြစ်နိုင်သည်မှာ
ထင်ရှားနေသည်၊ မဟုတ်ရင် သူဘယ်လိုလုပ်
အရိုက်ခံလိုက်ရမှာလဲ။ ခေါင်းခေါက်လိုက်တဲ့အသံကို သူတောင်ကြားခဲ့ရတယ်။

နှစ်အချက်- အဲ့တာအမှန်ပဲ။ သူ့ပိုင်နက်ထဲကို
ခြေရာလက်ရာမပျက် အသံမထွက်ဘဲဝင်နိုင်ဖို့နဲ့
အတွေ့မခံရဘဲနေနိုင်ဖို့ သူ့ထက်အဆပေါင်းများစွာ
သန်မာနေရပေမည်။

နောက်တစ်ခုက ယုတ္တိအတန်ဆုံးဖြစ်ကာ
မြို့အရှင်မှာ စိတ်ကစဉ့်ကလျားဖြစ်လာတော့သည်။

"ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
မြို့အရှင် ချက်ချင်းပဲသူ့ပိုင်နက်ကို
ဖြေချလိုက်တော့သည်၊ သို့ပေမယ့်
ပတ်ဝန်းကျင်ကမူ မြို့အရှင်အိမ်တော်တစ်ဝိုက်
အဖြစ်ပြန်မပြောင်းသွားဘဲ ထိုအစား
ကာရံထားသည့် အမှောင်ထုနယ်မြေကြီးတစ်ခု
ဖြစ်လို့နေသည်။ သူတို့ပတ်လည်မှာ
လောင်မြိုက်နေသည့်မီးလျှံများရှိနေကာ
မီးအပူကြောင့် အပူချိန်မှာခဏချင်း
မြင့်တက်လာလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now