Chapter-483

6K 1.1K 21
                                    

Unicode
အပိုင်း၄၈၃-စည်းရုံးရေးဆင်းခြင်း

သူတို့ဟာ သာမာန်လူတွေဆိုပေမယ့်လည်း
မှော်ဆရာတွေရဲ့အံဩဖွယ်တည်ရှိမှုတွေ
အကြောင်း ကြားဖူးကြသည်၊
သူ့ကိုယုံရမလား၊ မယုံရမလား မသေမချာ
ဖြစ်နေကြတာကိုမြင်တော့
မျက်လှည့်လေးနည်းနည်းလောက်ပြဖို့
ယူရှောင်းမို ဆုံးဖြတ်လိုက်သည်။

သူ့လက်ရှိစွမ်းအားနှင့်ဆိုလျှင်
အဆင့်နိမ့်မှော်ဆေးပင်တစ်ကွက်လောက်
တူးရသည်မှာ လွယ်ကူလှသည်။
သူ့ဝိဉာဉ်စွမ်းအားက နေရာတစ်ဝိုက်
လွှမ်းခြုံသွားကာ မှော်ဆေးပင်များသည်
မြေကြီးမှအလိုအလျောက်ထွက်လာကြပြီး
လင်မယားနှစ်ယောက်ခြေရင်းတွင်
ပုံလာကြ၏။

ကိုယ်တိုင်ကိုယ်ကျတွေ့လိုက်ရပြီးနောက်တော့
သူတို့ယုံသွားကြတော့သည်။

သူကမှော်ဆရာတစ်ယောက်ဆိုတာကို
သူတို့ကိုပဲယုံခိုင်းစေချင်တာမဟုတ်ပေ၊
ဘာလို့လဲဆိုတော့ သူက သူတို့မှော်ဆေးပင်
တွေတင်ဝယ်ချင်တာမဟုတ်ပဲ တစ်ရွာလုံးကဟာကို
ဝယ်ချင်တာဖြစ်သည်။

အသက်ကြီးကြီးလင်မယားသည်
ဟူရွာအကြီးအကဲများဖြစ်ကြသည်။
သူတို့နေထိုင်လာသည်မှာ ဆယ်စုနှစ်များစွာ
ကြာပြီဖြစ်ရာ သူတို့ထက်ပို၍လေးစားသင့်သူ
ဟူ၍ မရှိချေ။ သူတို့သာသူ့ဘက်ရှိလျှင်
ကျန်ရွာသူရွာသားများ​က သူ့ကို
ချက်ချင်းနီးပါးယုံကြည်သွားကြပေမည်။

လူတိုင်းက အဖိုးကြီးနဲ့အဖွားကြီးအိမ်ရှေ့
မြေကွက်လပ်၌ နှစ်နာရီအတွင်းစုလာကြ၏။

လူအုပ်ကြီးမှာ လူလေးငါးရာခန့်ရှိလေသည်။
ဟူရွာကိုလာရောက်လည်ပတ်သည့်
ဧည့်သည်ရှားရာ သူတို့အားလုံးက
မှော်ဆေးပင်ဝယ်မည့်သူရဲ့အရိပ်ကလေး
မြင်ရလိုမြင်ရငြား လည်ဆန့်နေကြ၏။

သူတို့အားလုံးနီပါးရောက်နေပြီဆိုတာမြင်တော့
ယူရှောင်းမို ထွက်တွေ့လိုက်သည်။

သံသယအသံများ မြင့်လာလေ၏။ 
သူတို့က ဤမျှငယ်ရွယ်သူတစ်ဦးကို
မျှော်လင့်မထားကြတာကြောင့် သံသယများ
လာကြသည်။

ရွာသူကြီးမှာ အသက်လေးငါးဆယ်ခန့်ရှိသည့်
သတ်လတ်ပိုင်းလူကြီးတစ်ဦးဖြစ်ကာ
ရိုးသားပွင့်လင်းသည့်အသွင်ရှိ၏၊ သူက
ယူရှောင်းမိုဆီကို လေးလေးစားစား
လျှောက်လာသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now