Chapter-434

6.8K 1.3K 32
                                    

Unicode
အပိုင်း၄၃၄- ချိုမြိန်သောထောင်ချောက်

အချိန်ကလျင်မြန်စွာပဲကုန်ဆုံးသွားကာ
စိန်ခေါ်ပြိုင်ပွဲနေ့ရောက်လာ၏။

ယူရှောင်းမိုနဲ့လင်းရှောင်က အရင်ရက်တုန်းက
ဆယ့်ငါးထပ်သွားပြီး နံပါတ်သုံးဆယ့်သုံးလို့
ရေးထားတဲ့နံပါတ်ပြားကိုလက်ခံရခဲ့သည်။
အဲ့ဒီ့နောက် သူကကျင်းပမယ့်နေရာနဲ့
သူ့ပြိုင်ပွဲအချိန်အတိအကျကို ပိတ်ကားပေါ်မှာ
ရှာကြည့်ခဲ့တယ်။ ကျင်းပမယ့်နေရာက
ဒုတိယစိန်ခေါ်ပြိုင်ပွဲကွင်းပြင်ဖြစ်ပြီး
အချိန်ကတော့နေ့လည်ခင်းဖြစ်သည်။

ယူရှောင်းမိုက ချောင်ဝူရှင်းနဲ့ကျုံးယဲ့ရဲ့
ပြိုင်ပွဲချိန်ကိုလဲတွေ့ခဲ့တယ်၊ ဒါပေမယ့်
ချောင်ဝူရှင်းနဲ့ကျုံးယဲ့ရဲ့ပြိုင်ပွဲကတစ်ပြိုင်နက်ထဲ
ဖြစ်နေတာကလွဲရင် အန်းချောင်အပါအဝင်
တစ်ခြားသူတွေရဲ့ပြိုင်ပွဲတွေအားလုံးကို
မကိုက်အောင်စီစဉ်ထားသည်။

အန်းချောင်ရဲ့ပြိုင်ဖက်ကလဲ အထပ်နှစ်ဆယ်ကပဲ။
သူ့ဂုဏ်သတင်းအတွက်ဖြစ်ပုံရတယ်၊
သူစိန်ခေါ်ထားတဲ့သူကနဲနဲလူသိများတဲ့
လူတစ်ယောက်ပဲ။ ဒါပေမယ့်လည်း
သူ့ရဲ့လက်ရှိခွန်အားက အထပ်နှစ်ဆယ်က
တစ်ယောက်ယောက်ကိုကိုင်တွယ်ဖို့
လုံလောက်တာထက်ကိုပိုပါတယ်။

ပြိုင်ပွဲစဖို့လိုသေးတာကြောင့် သူတို့က
ပွဲကြည့်ခုံမှာထိုင်လိုက်ကြတယ်။

ယူရှောင်းမိုက စင်မြင့်ရှေ့ကနံရံထဲမှာမြှပ်ထားတဲ့
ကျောက်စိမ်းပြားကိုကြည့်လိုက်တယ်။
၎င်းက သူစာရင်းသွင်းတုန်းကမြင်ခဲ့တဲ့တစ်ခုထက်
အများကြီးပိုကြီးသည်၊
"အိုး...ဟုတ်သားပဲ၊ ပြိုင်ပွဲမှာရှုံးခဲ့ရင်
ဘာပြစ်ဒဏ်ရမှာလဲ?"

ထျန်ရှင်းနဲ့စကားပြောနေတဲ့ ချောင်ဝူရှင်းက
သူ့အမေးကိုရှင်းပြလိုက်တယ်၊
"ပြစ်ဒဏ်က အဆင့်လျှောချခံရမယ်။
အထပ်နှစ်ဆယ်ကသူ ရှုံးသွားမယ်ဆိုရင်၊
ဆယ့်ကိုးထပ်ကိုကျသွားလိမ့်မယ်"

"ပြစ်ဒဏ်ကသိပ်မပြင်းဘူးပဲ" ယူရှောင်းမိုက
ပြောလိုက်တယ်။

ထျန်ရှင်းကဆက်၏၊ "ရှောင်ယောင်တက္ကသိုလ်က
အကြောင်းအရာတွေကို စဉ်းစားပေးတယ်လေ။
ဘယ်လိုပဲနေနေ၊ နင်ရှုံးသွားရင်တောင်
နင့်ခွန်အားကဒီတိုင်းပဲရှိနေမှာပဲလေ။
အထပ်တစ်ထပ်ပဲလျှော့ချခံရတာက
အထပ်တိုင်းမှာရှိမယ့်ခွန်အားတွေကို
ကမောက်ကမ မဖြစ်ရစေအောင်လို့ပဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now