Chapter-572

6.2K 1.2K 101
                                    

//Unicode//

အပိုင်း(၅၇၂) စုံစမ်းမေးမြန်းခြင်း

နှစ်ဦးသား နေမဝင်ခင် ဂူသို့အမြန်ပြန်လာခဲ့ကြသည်။

ဂူထဲမှာ နှစ်လတာဝန်းကျင်နေထိုင်ခဲ့ကြသည်။
ယူရှောင်းမိုမှာ အတွင်းအပြင်သေချာသန့်ရှင်းရေး
သဖြင့် သူတို့ဒုတိယအိမ်လို့ပင်ခံစားရလေသည်။

ထိုည၌၊ သူချက်ပြုတ်ချင်စိတ်မရှိပေ။

နေ့တိုင်းစားဖို့သောက်ဖို့မလိုတာ ကောင်းပေသည်၊
လင်းရှောင်ကလည်း မကန့်ကွက်၍ သူလည်း
ဘာမှမချက်ဘဲနေလိုက်၏။

ည၌ ယူရှောင်းမိုမှာ အိပ်ယာပေါ်လှဲပြီး ဟိုလှည့်
သည်လှည့်နှင့် အိပ်မပျော်နိုင်ဘဲရှိလေသည်။
အတွေးများတောင်စဉ်ရေမရဖြစ်နေ၍
ကျင့်ကြံ၍လည်းမရချေ။ သူ့စိတ်ထဲ နေ့လည်ပိုင်းက
စုလန်ကိုကယ်တင်သွားသည့် အနက်ဝတ်လူနှင့်သာ
ပြည့်နေသည်။

သူတို့က မျက်နှာဖုံးစွပ်ထားတာကြောင့်
အနက်ဝတ်လူက သူတို့ဘယ်သူမှန်းသိလောက်မည်
မဟုတ်ပေ။ ဒါကြောင့်ပဲ စုလန်ကိုကယ်သွားတုန်း
သူဘယ်သူဘယ်ဝါမှန်း ဖုံးကွယ်ထားခြင်းမရှိတာ
ဖြစ်နိုင်သည်။ ခဏတာလေးပဲဆိုလျှင်တောင်
သူအမြင်မမှားမှန်း ယူရှောင်းမိုသိသည်။

ယူရှောင်းမိုသည် လင်းရှောင်ပေါ်
ခြေထောက်တစ်ချောင်းတင်ပြီး သူ့ကိုယ်အလေးချိန်
တစ်ဝက်ကိုမှီလိုက်၏။

"လင်းရှောင်... အိပ်နေပြီလား။ မအိပ်သေးရင်
စကားပြန်ပြော"

"အိပ်နေပြီ"  နှစ်စက္ကန့်မျှ တိတ်ဆိတ်နေပြီးနောက်
လင်းရှောင်ကမျက်လုံးပိတ်လျက်သား ပြန်ဖြေသည်။

ယူရှောင်းမို သူ့လည်ပင်းကို လက်တစ်ဖက်နဲ့ချိတ်
လိုက်ကာ ဒေါသတကြီးပြောလိုက်၏။

"လူလိမ်ကောင် အိပ်နေပြီဆို ဘယ်လို
ပြန်ဖြေနေတာလဲ"

လင်းရှောင် "အိပ်ရင်းယောင်နေတာ"

ယူရှောင်းမိုက တစ်ဖက်လှည့်လိုက်ပြီး သူ့ပေါ်
တက်လိုက်ကာ ဆိုးဆိုးသွမ်းသွမ်းနဲ့လက်ဆန့်ပြီး
ညာဘက်မျက်ခွံကို မလိုက်သည်။ ရယ်ဖို့ကောင်းတာ
တွေ့တော့ အူလှိုက်သဲလှိုက်ရယ်မောတော့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now