Chapter-541

6.4K 1.2K 68
                                    

//Unicode//

အပိုင်း(၅၄၁) သရုပ်မှန်ဖော်ထုတ်ခံရ

ဟိုင်ချူးက သူတို့ဘယ်သွားနေခဲ့လဲမမေးခဲ့ပေ။
ဤကဲ့သို့သောကိစ္စမျိုးတွင် ယုံကြည်ခြင်း
မယုံကြည်ခြင်းသည် သိပ်အရေးမပါလှဘဲ
သူတို့ ဝေလငါးကျွန်းမှထွက်မသွားသေးသရွေ့
အဆင်ပြေသည်။

ယူရှောင်းမိုက နာရီပေါင်းများစွာဈေးဝယ်ထွက်
ပြီးသည့်နောက် အနည်းငယ်ပင်ပန်းနေသည်ဟု
ပြောလိုက်သည်၊ သို့ပေမယ့် သူ့ကိုပြန်စေချင်
နေသည်မှာထင်ရှားလှသည်။

ဟိုင်ချူးကလည်း စကားအများကြီးမပြောတော့ဘဲ
မနက်ဖြန်မနက် လိပ်နက်မျိုးနွယ်စုကလူများ
ရောက်လာမည်ဖြစ်သောကြောင့် တတ်နိုင်ပါက
တည်းခိုခန်း၌သာနေလျှင် အကောင်းဆုံးပါဟု
ပြောခဲ့သည်။ အရေးကြီးတစ်စုံတစ်ရာရှိလျှင်ပင်
သူ့အား အရင်အသိပေးရမည်ဖြစ်လေသည်။

ယူရှောင်းမို သဘောတူလိုက်သည်။

သို့သော်လည်း သူတို့မိတ်ဆွေဟိုင်ချူးသည်
အလွန်အမင်းနှေးကွေးလှ၏။

ယူရှောင်းမို လိပ်ကလေး၏အနာဂတ်အတွက်
တစ်နည်းနည်းနှင့်စိတ်ပူမိသည်။ လောကလိပ်နက်
မျိုးနွယ်စုသည်လည်း အရမ်းကြီးအေးချမ်းနေသည့်
မျိုးနွယ်စုဖြစ်ပုံမရပေ၊ တကယ်ကိုပင်
နေရာတိုင်း၌ စွမ်းအားပြိုင်ဆိုင်မှုများရှိနေ၏။
ဤအတိုင်းသာဆက်ဖြစ်နေမည်ဆိုပါက
သူ့လိပ်ကလေးဟာ အေးအေးချမ်းချမ်းကြီးပြင်း
လာနိုင်ဦးပါ့မလား။

ညခင်း၌ ယူရှောင်းမို လိပ်ကလေးအား
ထုတ်ကာ ခေါင်းသေးသေးလေးကိုလက်ချောင်းနှင့်
ဆော့နေ၏။ လိပ်ကလေး၏ခေါင်းမှာ
ရှေ့နောက်လှုပ်ခါနေပြီး နောက်ဆုံး
သည်းမခံနိုင်တော့ဘဲ ပေါက်ကာစသွားကလေး
များဖြင့် ယူရှောင်းမို၏လက်အားကိုက်လိုက်သည်။

ယူရှောင်းမိုလက်ကို မ လိုက်သည်၊ လိပ်ကလေးက
မေးရိုးများကိုဖြေလျော့မပေးချေ။ ယူရှောင်းမို
ရယ်မောနေပြီးသည့်နောက်တွင် သက်ပြင်းမချဘဲ
မနေနိုင်ပေ။

"လိပ်ကလေးရေ...လိပ်ကလေးရ.... ဒီနေ့ညက
ငါတို့တွေ့ရမယ့်နောက်ဆုံးညဖြစ်နိုင်တယ်။
မနက်ဖြန်ကစလို့ မင်းကလိပ်နက်မျိုးနွယ်စုဆီ
ပြန်ရတော့မယ်။ အဲ့ကျရင် လိမ်လိမ်မာမာနေပြီး
သန်မာလာအောင်ကြိုးစားရမယ်နော်၊ ဒါမှ
မျိုးနွယ်စုထဲကလူဆိုးကြီးတွေအကုန်လုံးကို
မောင်းထုတ်ပစ်နိုင်မှာ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now