Chapter-455

7.3K 1.2K 34
                                    

Unicode
အပိုင်း၄၅၅- လှည့်စားထားခြင်း

တစ်ရက်နှင့်တစ်ညကြာသည်အထိ၊
တစ်လကျော်ဥပုသ်စောင့်ထားရသော
လင်းရှောင်မှာ ယူရှောင်းမိုအား အိပ်ယာထဲမှ
ထမရအောင်လုပ်လိုက်လေတော့သည်။
နောက်တစ်နေ့တွင် သူ့ခြေထောက်များက
တုန်ရီနေဆဲဲဖြစ်ပြီး ထိုတစ်စုံတစ်ယောက်ကတော့
ပင်ပန်းနွမ်းနယ်မှုသက်သာစေတဲ့
စိတ်စွမ်းအင်ရေမသုံးခိုင်းပေ။ 

သူသန့်စင်ထားတဲ့အဆင့်မြင့်မှော်ဆေးလုံးတွေကို
ပေးပြီးတဲ့နောက်မှာတော့ ယူရှောင်းမိုမှာ
မကျေမချမ်းဖြစ်နေတော့သည်။
သူ့ရဲ့ကြင်နာတတ်မှုကြောင့်
လှည့်စားခံလိုက်ရတာလို့ ခံစားနေရတယ်:
နာကျင်ရတာသာယာနေတဲ့လူတစ်ယောက်လိုပဲ၊
သူကလဲနှိပ်စက်ခံရသေးတယ် တစ်ခြားသူကိုလဲ
ဆေးလုံးပေးလိုက်ရသေးတယ်။
ငါအရူးများလား!?

ဒါပေမယ့် လင်းရှောင်က ရှောင်ဟိန်၊ဖီချုံးနဲ့
မောင်ချုံးကို လိုက်ပို့နေတယ်။

သတ္တုစားသားရဲလေးနဲ့ ကတ်ချုံးတို့အဖို့ကတော့၊
သတ္တုစားသားရဲလေးက အခြေအနေထူးတာကြောင့်
ယူရှောင်းမိုဘေးမှာပဲနေလို့ရတယ်။
ကတ်ချုံးကျတော့ ယူရှောင်းမိုရဲ့ရုပ်ကို
ဖုံးကွယ်ဖို့ခေါ် ထားရမှာဖြစ်တာကြောင့်
ထွက်သွားလို့မရပေ။

နောက်တစ်ရက်ရောက်တော့ သူတို့ကို ယူရှောင်းမို
မတွေ့တော့ပေ။ ရှဲ့ချုံးပင်လျှင်
ဒဏ်ရာအများစုသက်သာလာပြ်ီးနောက်တွင်
လင်းရှောင်မောင်းထုတ်တာ ခံလိုက်ရလေသည်။

ရှဲ့ချုံးကအတော်အတန်သန်မာသည်၊
သို့သော် ယူရှောင်းမိုတိုးတက်နေတဲ့နှုန်းနဲ့ယှဉ်ရင်
နောက်ကျန်ခဲ့တော့မှာဖြစ်ရာ သူက
အတွန့်မတက်ပေ။ ဘာလို့လဲဆိုတော့
ဘယ်သူကမှ သူတို့ကိုလင်းရှောင်ကလက်ညိုး
ထိုးပြီးတော့- မင်းတို့မှာနတ်ဆိုးသားရဲဖြစ်ဖို့
မျက်နှာရှိသေးတယ်ပေါ့? လို့ပြောတာ
မခံချင်ကြသောကြောင့်ပင်ဖြစ်၏။

နတ်ဆိုးသားရဲများမှာလဲ သူတို့မာနနဲ့သူတို့ရှိကြ
သည်လေ။

ထို့နောက်တွင် ဝူချန်ကသူ့ဆီလာလည်သည်။

ဒီကလေးက သူ့နဲ့သူငယ်ချင်းအသေအလဲဖြစ်ချင်
နေပုံရကာ အကြီးအကဲနှစ်ယောက်ကလဲ
မကန့်ကွက်ပေ၊ ဒါကလင်းရှောင်ကြောင့်
ဖြစ်နိုင်သည်၊ သို့ပေမယ့် သူကတော့စကားကို
ပွင့်ပွင့်လင်းလင်းပြောမြဲပင်ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now