Chapter-428

6.8K 1.3K 55
                                    

Unicode
အပိုင်း၄၂၈-လောင်းကစားအသေးစားလေးတွေက
ပျော်ဖို့ကောင်းတယ်

ဝန်ထမ်းကသူတို့အခန်းကိုပြန်ရောက်လာတဲ့အခါ
အပြုံးတစ်ခုနဲ့ အံ့အားသင့်နေဟန်မရှိနေဘူး။
သူတို့ကသူ့ကိုလှမ်းခေါ်မယ်လို့
ထင်ထားခဲ့တဲ့ပုံပဲ။

ထိုနေရာမှာအလုပ်လုပ်တာ အချိန်တစ်ခုလောက်ကြာ
နေပြီဆိုရင်၊ ပထမဆုံးလာနေဖူးတဲ့သူ ဟုတ်ဟုတ်
မဟုတ်ဟုတ် သူတို့ကလောင်းကစားရုံရဲ့
ဆွဲဆောင်မှုကို မခံနိုင်ကြဘူးဆိုတာ သိလိမ့်မယ်။
လောင်းကစားဖို့မဟုတ်ရင်တောင် သွားကြည့်ကြည့်
ချင်ကြတာပဲ၊ ဒါ့ကြောင့်သူ့ကို ယူရှောင်းမိုက
ပြန်ခေါ်လိမ့်မယ်လို့ သူမျှော်လင့်ထားပြီးသား။

ယူရှောင်းမိုက စိတ်တိုစရာကောင်းလာတဲ့အထိ
'ငါထင်ထားသလိုပဲ'ဆိုတဲ့အမူအရာရှိနေတဲ့
ဝန်ထမ်းကို ကြည့်လိုက်တယ်။

မင်းကဝန်ထမ်းတစ်ယောက်ပဲလေ၊ မင်းရဲ့ဦးနှောက်ကို
လာသုံးပြနေစရာမလိုဘူး၊
'သန်သန်စွမ်းစွမ်းခန္ဓာကိုယ်' ရှိတဲ့လူတစ်ယောက်ဆို
ရင် ရပြီ။

သူတို့တံခါးအပြင်ဘက်ကို ခြေမလှမ်းခင်မှာ
ယူရှောင်းမိုကဝန်ထမ်းကို တားလိုက်တယ်။
ပထမ၊ သူ့ကိုခပ်နှေးနှေးဖြတ်လျှောက်လိုက်ပြီး
သာမာန်ကာလျှံကာပြောလိုက်တယ်၊
"မင်းသိလား? ငါ့ကိုလမ်းပြပေးဖို့ တစ်ခြားဝန်ထမ်း
တစ်ယောက်ကိုခေါ်လိုက်လို့ရတယ်"

ဝန်ထမ်း,"......."

ဝန်ထမ်းရဲ့လမ်းပြမှုနဲ့ သူတို့ကမြေအောက်
လောင်းကစားရုံရဲ့ဝင်ပေါက်ကိုရောက်လာကြတယ်။
အောက်ဖက်ဆင်းသွားတဲ့လှေကားတစ်ခုရှိကာ
ဝင်ပေါက်က လေးငါးမီတာကျယ်ဝန်းပြီး
အထက်တန်းဇိမ်ခံပစ္စည်းအသွင်ရှိသည့်
ကော်ဇောနီပင်ခင်းထား၏။ အောက်ဖက်ကနေ
ဆူညံညံအသံတွေဆက်တိုက်ထွက်ပေါ်နေပြီး
ဟိုဘက်ဒီဘက်လျှောက်သွားနေတဲ့ လောင်းကစား
သမားတွေရဲ့အရိပ်ကို မြင်နေရတယ်။

ဝန်ထမ်းကသူတို့ကိုအောက်ခေါ်သွားရင်း
ရှင်းပြနေတယ်၊ "ဧည့်သည်နှစ်ယောက်က
ကစားချင်တယ်ဆိုရင်၊ တိုကင်ပြားလဲလှယ်လို့
ရပါတယ်။ အသေးဆုံးပမာဏက စွမ်းအင်ကျောက်
တုံးတစ်တုံးဖြစ်ပြီး အကြီးဆုံးကတော့
တစ်မီလီယမ်ပါ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now