Chapter-570

6.4K 1.2K 94
                                    

//Unicode//

အပိုင်း(၅၇၀) ဂူတစ်ခုမှာအိမ်ပြင်ခြင်း

တောင်တန်းကြီးဟာ တောင်စဉ်တောင်ထွတ်များ၊
မတ်စောက်သောတောင်များဖြင့် ပြည့်နှက်လျက်ရှိ
သည်။ သဘာဝမြေမျက်နှာသွင်ပြင်အနေအထားအရ
လူတစ်ယောက်ဖြတ်သွားရင်တောင် သူတို့ကို
တန်းပြီးတွေ့မှာမဟုတ်ပေ။ ယူရှောင်းမိုသည်
လူလုပ်ဂူတစ်လုံးရှာတွေ့သည်အထိ ကံကောင်း၏။

ဂူက နှစ်ပေါင်းများစွာသက်တမ်းရှိပြီး
ခြေရာလက်ရာတွေအရ ရှေးကလူတို့နေထိုင်ခဲ့ကြပုံ
ပေါ်သည်။ ကံမကောင်းစွာနဲ့ ဂူတစ်ခုလုံးက
ပြောင်ရှင်းနေပြီး ကျောက်ထိုင်ခုံအနည်းငယ်နှင့်
ကုတင်တစ်လုံးသာရှိတော့သည်။

ယူရှောင်းမိုသည် လျှင်လျှင်မြန်မြန်
သွက်သွက်လက်လက်ရှင်းလင်းလိုက်ပြီး ခုံပေါ်က
ဖုန်တွေကိုခါလိုက်သည်။ ထို့နောက် နယ်မြေထဲမှ
စောင်ထုတ်ယူလိုက်ကာ ကျောက်ကုတင်ပေါ်
ဖြန့်ခင်းလိုက်သည်။ သူတို့ ဒီနေရာမှာဘယ်လောက်
ကြာကြာနေဖြစ်မယ်မှန်းမသိသေးပေမဲ့ ကောင်းမွန်
နူးညံ့တဲ့အိပ်ယာတစ်ခုတော့ ရှိကိုရှိရမည်။

လင်းရှောင်သည် ဂူဝကိုမှီလျက် သူ့ဇနီးလေး
'အိမ်အလုပ်'ကို ကျေကျေပွန်ပွန်လုပ်နေတာကို
ကြည့်နေသည်။ သူသည် ဖုန်ကျန်နေသည့်နေရာတို့
ဘာတို့ကို စိတ်အနှောင့်အယှက်ဖြစ်ဖွယ်လေသံနှင့်
ရံဖန်ရံခါထောက်ပြလေ၏။

ယူရှောင်းမိုမှာ ခက်ခက်ခဲခဲဖြင့်ချုပ်တည်းရသည်။
လင်းရှောင်မှာ သက်သာကာစဖြစ်၍
ဒီလိုကိစ္စသေးသေးလေးကြောင့်နဲ့
သူစကားမများချင်။

သူ အကုန်ပြီးစီးအောင်လုပ်ပြီးတော့
နေဝင်ပြီဖြစ်သည်။

ယူရှောင်းမို နဖူးမှချွေးကိုသုတ်လိုက်ပြီး နယ်မြေထဲမှ
ညလင်းပုလဲကိုထုတ်ယူလိုက်သည်။ ညအချိန်ဖြစ်၍
ဂူတစ်ခုလုံး မျက်နှာရှေ့တည့်တည့်ကလက်ချောင်းကို
မမြင်ရလောက်အောင် မည်းမှောင်နေသည်။

သို့ပေမဲ့ ညလင်းပုလဲထွက်ပေါ်လာသည်နှင့်
ဂူမှာ နေ့ခင်းဘက်အလားတောက်ပလင်းထိန်သွား
တော့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now