Chapter-429

8.5K 1.3K 17
                                    

Unicode
အပိုင်း၄၂၉-ပုဆိန်ရိုးကိုမြှပ်နှံခြင်း
(ပဋိပက္ခကိုအဆုံးသတ်ကာ ခင်မင်ခြင်း)

ရုတ်တရက်ထွက်ပေါ်လာသော မချိတင်ကဲအော်ဟစ်
သံများက လူတိုင်းကိုတုန်လှုပ်သွားစေသည်။
ထို့နောက် ဝူချန်ရဲ့တိုက်ခိုက်သူငါးယောက်က မျက်နှာ
ဖြူဖျော့စွာနဲ့မြေပြင်ပေါ်လဲကျကုန်ကြတာကို
မြင်လိုက်ရသည်။
တစ်ခုခုကသူတို့ကိုနှိုးဆွလိုက်သလိုပဲ ခေါင်းများကိုကြမ်းပြင်နှင့်ဆောင့်နေကြ၏။
ခဏအကြာတွင် သွေးအိုင်တစ်ခု
ဖြစ်ပေါ်လာတော့သည်။

ဝူချန်က ကြောင်သွားတယ်။ သူသတိပြန်ဝင်လာတဲ့
အခါ သူ့မျက်လုံးများက လင်းရှောင်ပုခုံးပေါ်မှီနေတဲ့
ယူရှောင်းမိုပေါ်ရောက်သွားကာ သူ့ကို
သတ်ဖြတ်ချင်စိတ်ဖြင့်ကြည့်လိုက်သည်။
နောက်လူရဲ့မျက်နှာမှာ စိုးရိမ်မှုတွေရှိလို့လား?
ရှိမနေဘူး။ အဲ့အစား သူ့ရဲ့ပြုံးဖြဲဖြဲမျက်နှာက
မျက်စိဆံပင်မွှေးစူးစရာကောင်းနေတယ်။

"မင်းလုပ်လိုက်တာ!"

"ငါမသိဘူး" ယူရှောင်းမိုကခေါင်းလေးပြန်ဝင်သွား
တယ်။

ဒါပေါ့၊ဝူချန်ကသူ့စကားကိုယုံမနေဘူး။
သူ့အမူအရာက ပိုလို့တောင်ဒေါသထွက်လာသလိုပင်။

"မင်းတို့ကောင်တွေက သတ္တိရှိတာပဲ။
ရှောင်ယောင်တက္ကသိုလ်ကကျောင်းသားဖြစ်နေရင်
တောင် ငါဂရုမစိုက်ဘူး။ ငါနဲ့ကစားရဲမှတော့
ဒီနေ့ညဒီကနေထွက်သွားဖို့ တွေးတောင်မတွေးနဲ့"

ယူရှောင်းမိုက သိချင်သွားတယ်။ အဲ့ဒီ့ယုံကြည်ချက်
ကြီးကို သူဘယ်ကနေများရလိုက်တာလဲ?
အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူလေးပဲ
ဟာကို သူ့ထက်တောင်မောက်မာနေသေးတယ်!

လင်းရှောင်ရဲ့ပျင်းရိရိအသံက သူ့နားထဲမှာ
ထွက်လာတယ် "ဒီနေရာမှာ ဧကရာဇ်အဆင့်
ကျင့်ကြံသူနှစ်ယောက်ရှိနေတယ်။ သူတို့က
သူမှီခိုနေတဲ့လူတွေဖြစ်နိုင်တယ်"

ယူရှောင်းမိုက ပတ်ဝန်းကျင်အနှံ့ကြည့်လိုက်တယ်၊
သို့သော် သံသယဝင်ဖို့ကောင်းတဲ့သူတစ်ယောက်မှ
မတွေ့ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Waar verhalen tot leven komen. Ontdek het nu