Chapter-468

6.3K 1.1K 8
                                    

Unicode
အပိုင်း၄၆၈- ရောက်ရှိခြင်း

တားမြစ်နယ်မြေမှာ ရုတ်ရုတ်သဲသဲဖြစ်နေသည်။
အပြင်မှာလဲ ထိုနည်း၎င်းပင်။

ယင်ကောနဲ့ ကျန့်ယွီရွှမ်းက
အထက်ဆင့်များတွင် အစီအစဉ်အတိုင်း
ရှုပ်ထွေးမှုများဖန်တီးခဲ့သည်၊ သို့ပေမယ့်လည်း
ဒါက သူတို့တွေ မြေအောက်ထပ်ကို
လာမကူနိုင်ဘူးလို့ဆိုလိုပါတယ်။
ထို့ပြင် အကျဉ်းသားအများစုမှာ
လွတ်မြောက်ကုန်ကြပြီဖြစ်ကာ
အရေအတွက်မှာ နည်းနည်းလေးသာမဟုတ်ဘဲ
ရာချီလေသည်။

သွေးစွေးနီကလန်မှာ အကူဘယ်နှယောက်ပဲ
ရှိရှိ သူတို့အကုန်လုံးကို တစ်ခါတည်း
ပြန်ဖမ်းဖို့မဖြစ်နိုင်လေဘူး။
ဒါတောင် ထိန်းကြိုးမရှိတဲ့
မြင်းတွေလို ရိုင်းစိုင်းကုန်တဲ့
သန်မာတဲ့တိုက်ခိုက်သူတွေရှိတဲ့အချက်ကို
ထည့်မပြောရသေးဘူး။

သူတို့တွေ သည်းခံလာရတာကြာပြီဖြစ်ပြီး
လွတ်လပ်ခွင့်ရလိုက်တဲ့အခိုက်မှာ
ထောင်ထဲထပ်မဝင်ချင်ကြတော့ပေ။
ထို့ကြောင့် သူတို့က အသက်ပေးပြီး
ခုခံကြလေသည်။

စံအိမ်တော်ကြီးထဲမှာ ကသောင်းကပြောင်း
တွေပိုဖန်တီးဖို့အတွက် လင်းရှောင်က
အတန်အသင့်သန်မာတဲ့ အစောင့်ခေါင်းဆောင်
တွေအားလုံးကို တားမြစ်နယ်မြေကနေ
မထွက်ခင် ဒဏ်ရာရအောင်လုပ်ထားခဲ့တယ်၊
ဒါ့ကြောင့် စုစုပေါင်းခုခံအားကို
တစ်ဝက်လောက်လျော့သွားစေသည်။
သူတို့က အကျဉ်းသားတွေရဲ့ပြိုင်ဖက်
မဖြစ်နိုင်တော့ဘဲ ခေါင်းဆောင်တစ်ယောက်စ
နှစ်ယောက်စ အသတ်ခံခဲ့ရလေသည်။

အကျဉ်းသားတွေက ရူးသွပ်စွာနဲ့
တားမြစ်နယ်မြေမှ လွတ်မြောက်ကုန်ကြကာ
အော်ဟစ်ဟိန်းဟောက်နေကြရင်း
ထွက်ပေါက်ဆီသို့ ချီတက်သွားကြသည်။
အလောတကြီးပြေးသွားတဲ့ အစောင့်တွေထဲမှ
တစ်ချို့မှာ လူမဆန်စွာသတ်ဖြတ်ခံရသည်။
အော်ဟစ်သံများက မြင့်တက်လာပြီး
လှိုင်းများအကြားနစ်မြုပ်သွားလေသည်။

"မိမစစ်ဖမစစ်ကောင်!"

ထိုအခိုက်တွင် ကျော်လွှား၍မရနိုင်သော
အင်အားတစ်ခုက ကောင်းကင်ထက်သို့
မြင့်တက်သွားပြီး ဒေါသတကြီးဟိန်းဟောက်သံ
တစ်သံထွက်လာ၏။ အဝေးဆုံးထိ
လွတ်မြောက်နှင့်ပြီးဖြစ်တဲ့အကျဉ်းသား
တွေအားလုံးက ရုတ်ခြည်းနောက်ပြန်လှိမ့်သွားပြီး
သူတို့ရပ်တန့်သွားတဲ့နေရာရှေ့မှာ
လူတစ်ယောက်ပေါ် ထွက်လာသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now