Chapter-430⚠️

13.3K 1.3K 52
                                    

Unicode
အပိုင်း၄၃၀-လူကလေး

လင်းနေတဲ့အခန်းထဲမှာ လှပကောင်းမွန်စွာ
ပန်းထိုးထားတဲ့လရောင်ဘရိုကိတ်ဝတ်ရုံရှည်က
ကြမ်းပြင်ပေါ်ပြန့်ကျဲကျနေတယ်။ အဖြူရောင်
ချန်ရှန်းဝတ်ရုံရှည်တစ်ထည်က ခုတင်ခြေရင်းမှာ
ဖရိုဖရဲရှိနေပြီး အပိုင်းပိုင်းအစစဆုတ်ဖြဲခံလိုက်ရတဲ့
အဝတ်စများစွာက ထိုဝတ်ရုံနှင့်ရောယှက်နေသည်။

အဖြူရောင်အကာရံနောက်မှာ ပုံရိပ်နှစ်ခုက
ခွဲခွာလို့မရအောင်ယှက်နွယ်နေကြတယ်။
နှစ်လိုဖွယ်ကောင်းသည့်လေထုက စည်းချက်မှန်မှန်
လောင်မြိုက်နေတဲ့လေပူပူနဲ့ရောယှက်နေကာ
သည်းမခံနိုင်လောက်တဲ့သာယာမှုကိုဖြစ်စေတယ်။

ယူရှောင်းမိုက မော့ကြည့်လိုက်တယ်။
အစကနေအခုထိ နွမ်းနယ်ပြီးထုံနေတဲ့သာယာမှုက
လှိုင်းတစ်ခုလိုပဲ၊ သူ့ကိုယ်ထဲမှာတစ်လှိုင်းပြီးတစ်လှိုင်း
ပြင်းထန်စွာနဲ့တက်လာနေတယ်။

သူတို့ဒီဟာကို ဘယ်နှကြိမ်ပဲလုပ်ခဲ့လုပ်ခဲ့
သူ့ကိုယ်ကလူပျိုလေးလိုဖြစ်နေတုန်းပဲ။
သူ့အပေါ်ကလင်းရှောင်ရဲ့အာဏာရှင်ဆန်ဆန်
ရွေ့လျားမှုတွေအောက်မှာ သူ့ရဲ့ကျူးကျော်လာမှုနဲ့
ဖိနှိပ်ထားတဲ့လှုပ်ရှားမှုတွေကို မတုန်မလှုပ်
လက်ခံလိုက်ရုံပဲတတ်နိုင်တယ်။

"ကြည့်လေ၊ မင်းကတကယ်ပဲ ပင်ကိုယ်ပါရမီရှိတာ"
လင်းရှောင်ရဲ့နက်ရှိုင်းပြီးအက်ရှရှအသံက
ခပ်နှေးနှေးပဲ့တင်ထွက်လာကာ သူ့မှာ
ပျော့ပြောင်းနူးညံ့တဲ့အပြုံးတစ်ခုရှိနေတယ်။

ယူရှောင်းမိုပါးစပ်ဖွင့်လိုက်တယ်၊ ဒါပေမယ့်
သူကစကားတစ်လုံးတောင် ပြီးအောင်မပြောနိုင်ပေ။
ထိုလူကြောင့်သူ့ပါးစပ်ကနေ ညည်းညူးသံလေးတွေ
က တစ်ခါပြီးတစ်ခါထပ်ထပ်ပြီးထွက်ပေါ်လာတော့
တယ်။ စမ်းတဝါးဝါးလျှောက်သွားနေတဲ့သူ့လက်တွေ
ကို လင်းရှောင်ရဲ့ပုခုံးပေါ် မှာ ဖမ်းဆုပ်လိုက်ပြီး
သူ့ရဲ့အားလက်ကျန်လေးနဲ့ ဖက်တွယ်လိုက်တော့
သည်။ သူ့ပါးစပ်ကိုဖွင့်လိုက်ကာ လင်းရှောင်ရဲ့
လည်တိုင်ကို နဲနဲလေးမှတွေဝေမနေဘဲကိုက်ချ
လိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now