Chapter-469

6.3K 1.2K 28
                                    

Unicode
အပိုင်း၄၆၉- ချီလင်မျိုးနွယ်ဝင်များ

စီမံခန့်ခွဲရန် ချန်မဟာမိတ်ကစေလွှတ်ထားသူမှာ
ယွီပုပင်။ ယွီပုက ခွန်အားအရာမှာ
ရှုန်းရှောင်ထက်နိမ့်ပေမယ့် အခြေအနေတွေကိုင်
တွယ်တဲ့နေရာမှာတော့ ပိုမိုကျွမ်းကျင်တိကျသည်။
ရှုန်းရှောင်စကားအရ သူက
'လူဆိုရင်လူလိုပြောပြီး သရဲဆိုရင်သရဲလိုပြော'
တတ်တဲ့သူဖြစ်သည်။ ရှင်းရှင်းပြောရရင်
သူက စီးပွားရေးလုပ်တဲ့နေရာမှာ
ဆရာကြီးဖြစ်၏။

အရင်တုန်းက ယူရှောင်းမိုက သူနဲ့အကြာကြီး
ဆက်သွယ်မနေဘူးတာကြောင့်
ဒါကိုမကြုံခဲ့ရဘူး။ ဒီတစ်ခေါက်ကျတော့
သူ့ဘေးမှာရှိနေတယ်၊ ဒါ့ကြောင့်
ရှုန်းရှောင်ပြောခဲ့တဲ့ဟာကို ရှင်းရှင်းလင်းလင်း
မြင်ရတော့တယ်။ ဧည့်သည်တိုင်းကို
သူပြောတဲ့စကားက မထပ်သလောက်ပင်။
ပြုံးနေတဲ့မျက်နှာကတောင်
ရင်းနှီးနွေးထွေးနေပုံပေါ် သည်။

သူတို့လျှောက်သွားဖို့ပြင်နေတုန်းမှာပဲ
လူရိပ်တစ်ခုက ရုတ်တရက်ပြေးထွက်လာကာ
ယူရှောင်းမိုရှေ့မှာ ရပ်လိုက်သည်။

ယူရှောင်းမိုကြည့်လိုက်တော့ ခေါင်းမှာကျောက်စိမ်း
ဆံထိုးတစ်ခုနဲ့ ဈေးကြီးကြီးဝတ်ရုံဝတ်ဆင်
ထားတဲ့လူငယ်တစ်ဦးကိုတွေ့လိုက်ရတယ်။
သူ့မှာ လူအုပ်ထဲက​နေ ထင်းနေတဲ့ရုပ်ရည်
သွင်ပြင်ရှိတယ်၊ ဒါပေမယ့် သူတို့အားလုံးကို
မမြင်သလိုနဲ့ မေးပင့်ထားတယ်။
လက်ထဲမှာ ယပ်တောင်တစ်လက်ကိုင်ထားရင်း
နောက်ကျောပေးထွက်ခွာသွားသည်။

သို့သော်လည်း ယူရှောင်းမိုအမှန်တကယ်
ဂရုစိုက်မိတဲ့အရာမှာ သူ့မျက်ခုံးကြားက
ခရမ်းရောင်မီးလျှံပုံသင်္ကေတဖြစ်သည်။
ဒီလိုမီးလျှံသဏ္ဍာန်က ချီလင်မျိုးနွယ်ရဲ့သင်္ကေတလို့
လင်းရှောင်ပြောဖူးတာကို မှတ်မိသွားတယ်။

လူငယ်လေးလျှောက်သွားပြီးတဲ့နောက်မှာ
အဖိုးကြီးတစ်ဦးက သူ့နောက်ကနေ
လိုက်သွားတယ်။ အဖိုးကြီးက
နှစ်တွေများစွာ အနည်ထိုင်နေတဲ့ရှေးဟောင်း
ရေတွင်းတစ်ခုလိုပဲ၊ ရေတွင်းက
နက်ရှိုင်းပြီးခန့်မှန်းလို့မရသလို သူကလဲအဲ့လိုပဲ။
သူတို့က ကြားဖြတ်ဝင်လာတယ်ဆိုတာကို
နှစ်ယောက်လုံးသတိမပြုမိတဲ့ပုံပေါ် သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now