Chapter-456

9.6K 1.2K 79
                                    

This part includes warning!!
Unicode
အပိုင်း၄၅၆- ပင်ကိုယ်ပါရမီ

ယူရှောင်းမို ရှောင်ယောင်တက္ကသိုလ်ပြန်ရောက်
သွားတာနဲ့ ချောင်ဝူရှင်းတို့ရဲ့စိတ်ပူပန်ပေးမှု
တွေရလိုက်တော့သည်။ သို့သော်လည်း
ထျန်ရှင်းကသူ့ကိုကြိုက်တယ်ဆိုတဲ့အချက်ကို
မပြောမိဖို့ လူတိုင်းကဂရုစိုက်နေကြတယ်။
အထူးသဖြင့် လင်းရှောင်ရဲ့ခွန်အားကို
သိပြီးတဲ့နောက်မှာ ထျန်ရှင်းက ကြောင်မြင်လိုက်ရတဲ့
ကြွက်လိုပဲ ယူရှောင်းမိုကိုရှောင်တော့တယ်။

သိပ်အံ့ဩမသွားတဲ့သူကိုပြောပါဆိုရင်
ချောင်ဝူရှင်း၊ကျုံးယဲ့တို့ပဲဖြစ်လိမ့်မယ်၊
သူတို့က နတ်ဘုရားဆယ်ပါးစာရင်းရဲ့
ပြန်လည်ပြင်ဆင်မှုကိုသိနှင့်ပြီးဖြစ်သည်။

လူတိုင်းကိုပြန်ပို့ပြီးတဲ့နောက်မှာ
လင်းရှောင်က ကျောက်စိမ်းပေလွှာကို
ထုတ်လိုက်တယ်။

ယူရှောင်းမိုက တံခါးမြန်မြန်ပိတ်လိုက်သည်။

ရှုန်းရှောင်ရဲ့သဘောထားကိုဘေးဖယ်ထားရရင်၊
သူတို့က သွေးစွေးနီကလန်အကြောင်း
ဘာမှမသိဘူးလို့ထင်တာကြောင့်ဖြစ်နိုင်သည်၊
သူက ပင်မမိသားစုအကြောင်းရော
မိသားစုခွဲနှစ်ခုရဲ့ မိသားစုဝင်တွေအကြောင်းကိုရော
ထည့်ပေးထားသည်။

သွေးစွေးနီကလန်ရဲ့ လက်ရှိခေါင်းဆောင်မှာ
သားလေးယောက်ရှိကာ အားလုံးက
ခေါင်းဆောင်နေရာကိုရည်မှန်းနေကြ၏။
သူတို့တစ်ယောက်ချင်းစီအောက်တွင်
စစ်နတ်ဘုရားတစ်ယောက်ဆီရှိကာ
စစ်နတ်ဘုရားတစ်ယောက်စီတိုင်း၏လက်အောက်
တွင် အဖွဲ့များစွာရှိသည်။ ဖုန်းချီယွင်ကို
ပြန်ပေးဆွဲသွားတဲ့ယွီဝမ်းနန်၏နာမည်မှာ
ယူထျန်းနန်ဖြစ်ပြီး တတိယသား၏လက်ပါးစေ
ဖြစ်သည်။

ယူထျန်းနန်ရဲ့သဲလွန်စနောက်တွင်မူ
ရှုန်းရှောင်က သွေးစွေးနီကလန်ရဲ့တတိယသား
ကိုရှာတွေ့ခဲ့သည်၊ သို့သော်ငြားလည်း
ဖုန်းချီယွင်က သူနှင့်အတူရှိမနေပေ။

အခြားသားသုံးယောက်မှာလဲ ယူထျန်းနန်၏
လှုပ်ရှားမှုများကိုသိကြရာ
ဖုန်းချီယွင်က ယူရှောင်းမိုကိုရှာတွေ့နိုင်ဖို့
တစ်ခုတည်းသောသဲလွန်စဖြစ်သည်ဟု
ယုံကြည်နေကြပြီး သူ့ကိုလိုချင်နေကြကာ
တိုက်ခိုက်နေကြ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now