Chapter-435

6.9K 1.2K 30
                                    

Unicode
အပိုင်း၄၃၅- ပျော်ရွှင်မှု*အတွက်တိုက်ခိုက်ခြင်း

သူဒီလိုရလဒ်ကိုမျှော်လင့်ထားပေမယ့်လည်း
ကြားလိုက်ရတော့သက်ပြင်းမချပဲမနေနိုင်။

တိုက်ပွဲကကောင်းကောင်းမစရသေးဘဲ
အညံ့ခံတာက မဖြစ်တတ်တာတော့မဟုတ်၊
ဘာလို့လဲဆိုတော့ တစ်ချို့လူတွေက
သူတို့ကစိန်ခေါ်တဲ့သူရဲ့ပြိုင်ဖက်မဟုတ်ဘူး
ဆိုတာကိုကောင်းကောင်းသိနေကြတာကြောင့်ပင်။
ဒီလူတွေက အညံ့ပဲခံလိုက်ကြတယ်၊ သို့သော်
အကြောင်းပြချက်ကတစ်ခုထဲရှိတာတော့
မဟုတ်ပေ။

တကယ့်အကြောင်းရင်းမှန်က လူအများစုမှာ
တိုက်ပွဲတစ်ပွဲထက်ပိုရှိကြတာကြောင့်ဖြစ်သည်။
မျက်နှာမပျက်ရဖို့အတွက်နဲ့ခေါင်းမာနေခဲ့မယ်
ဆိုရင် နောက်လာမယ့်တိုက်ပွဲတွေမှာ
သက်ရောက်သွားနိုင်သည်လေ။
သူတို့ထိခိုက်ဒဏ်ရာရသွားခဲ့ရင်
သူတို့အတွက်မကောင်းဘူး။ ထို့ကြောင့်
ပြိုင်ပွဲကိုအရှုံးပေးတဲ့သူကမိန်းကလေးတွေ
ဖြစ်နေတယ်ဆိုရင် လူအများစုက
အလွန်ပင်နားလည်ပေးနိုင်ကြ၏။

ယူရှောင်းမိုနဲ့လင်းရှောင်က ပြိုင်ပွဲကွင်းပြင်ကနေ
ထွက်ခွာမလာခင်ထိ တစ်မနက်လုံးပွဲတွေပဲ
ကြည့်နေခဲ့ရတယ်။

စွမ်းအားကြီးသူတွေကြားကပြိုင်ပွဲမဟုတ်ရင်
ကြည့်ရတာအရမ်းပျင်းဖို့ကောင်းတယ်။
သူတို့ကကြည့်ရတာ ခဏလေးနဲ့ရိုးသွားပြီး
ပြိုင်ပွဲတစ်မနက်စာပဲကြည့်နိုင်တော့တယ်။
သို့ပေမယ့်၊ ယန်ဟွေ့နဲ့အန်းချောင်ကလွဲလို့
ကျန်တဲ့သူအားလုံးရဲ့ပြိုင်ပွဲတွေက
မနက်ခင်းမှာပဲဖြစ်သည်။

"ပုံမှန်ဆိုရင် သိမ်မွေ့ပျော့ပြောင်းတဲ့ဦးလေးကြီးက
တိုက်ခိုက်နေရင် အရမ်းကြမ်းတမ်းမယ်လို့
မထင်ထားခဲ့ဘူး။ သူကလုံးဝကွဲပြားတဲ့
လူတစ်ယောက်လိုပဲ" ယူရှောင်းမိုက လင်းရှောင်ရှေ့
မှာလျှောက်နေတယ်၊ ချန်ရှန်းရုန်ရဲ့ပြိုင်ပွဲကို
ပြန်တွေးမိလိုက်တဲ့အခါ ပြုံးနေတာကို
မရပ်နိုင်တော့ပေ။

လင်းရှောင်မျက်နှာမှာ အပြုံးတစ်စပေါ်လာတယ်၊
"အဲ့ဒီ့နေရာက တကယ်ကိုအားနည်းချက်ပဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now