Chapter-414

7.1K 1.3K 5
                                    

Unicode
အပိုင်း၄၁၄-ထောက်ခံကတ်ပြား

"နန်ရှန်းက သွေးစွေးနီကလန်ရဲ့စစ်ပွဲနတ်ဘုရား
လေးပါးထဲကတစ်ယောက်ပဲ၊ သူ့ကိုယူထျန်းနန်လို့
ခေါ်ပြီး တောင်ပိုင်းစစ်တပ်ကိုထိန်းချုပ်တယ်၊
သူ့စစ်တပ်က သွေးစွေးနီကလန်အတွက်
နေရာတိုင်းကိုကင်းထောက်ပေးတာဖြစ်ပြီး
အောင်မြင်မှုတွေအများကြီးရထားတယ်၊
ဆိုမှပဲ အခြားသတင်းတစ်ခုလဲရှိသေးတယ်၊
စစ်ပွဲနတ်ဘုရားလေးပါးရဲ့တုံရှန်းက ဘယ်သူမှန်း
မသိရတဲ့လူတစ်ယောက်ရဲ့လက်ထဲမှာ
သေသွားတယ်တဲ့၊ သူ့နေရာကို တစ်ခြားတစ်ယောက်
နဲ့အစားထိုးပြီးသွားပြီ"

"ရှုန်းတကော၊ ကျွန်တော်တို့ဒီကိစ္စအကြောင်း
သိလို့ရနိုင်၊မရနိုင် အရင်ပြောပါလား"
ယူရှောင်းမိုက သူ့စကားကိုကြားဖြတ်လိုက်ရသည့်
အတွက်ရှက်သွားသည်။

"တောင်းပန်ပါတယ်၊ငါ့ပင်ကိုယ်စရိုက်ကအဲ့လိုပဲ၊
ဒီကိစ္စတွေပြောပြီဆိုရင် ကရားရေလွှတ်ဖြစ်သွား
တော့တာပဲ" ရှုန်းရှောင်က ရှက်ရှက်နဲ့ရယ်လိုက်သည်၊
ထို့နောက်သူကခိုင်မာစွာပြောလိုက်သည်၊
"မင်းပြောတဲ့ဟာကို စုံစမ်းလို့မရတာတော့
မဟုတ်ဘူး၊ အရမ်းခက်ခဲလွန်းတော့ အချိန်တစ်ချို့
တော့ကြာလိမ့်မယ်"

"ဘယ်လောက်ကြာမှာလဲ?" လင်းရှောင်ကမေးသည်။

ရှုန်းရှောင်က လက်ချောင်းတစ်ချောင်း
မြှောက်လိုက်ပြီး "အကြမ်းဖျင်း အနဲဆုံးသုံးလပဲ"

"အဲ့လောက်ကြာတယ်?" ယူရှောင်းမိုကပြောလိုက်၏၊

ရှုန်းရှောင်ကဆို၏၊ "ဒီအချိန်က တိုတောင်းအောင်
စဉ်းစားထားတာပဲ၊ လွန်ခဲ့တဲ့နှစ်အနဲငယ်တုန်းက
သွေးစွေးနီကလန်က ကလန်တွင်းသုတ်သင်ရှင်းလင်း
မှုတစ်ခုကို ရုတ်တရက်လုပ်ခဲ့တယ်၊ အတိအကျပြော
ရရင် အဓိကမိသားစုကိုဦးတည်တာပဲ၊ ချန်မဟာမိတ်
ရဲ့သူလျှိုတွေက အထုတ်ဖော်ခံလိုက်ရတာဖြစ်ဖြစ်
ကြုံရာအကြောင်းပြချက်တစ်ခုကြောင့်
အဝေးကိုပဲဖြစ်ဖြစ် ပို့ခံလိုက်ရတယ်၊ ဒါ့ကြောင့်အခု
သွေးစွေးနီကလန်အကြောင်း သတင်းရချင်ရင်
အရင်ကထက် သုံးလေးဆလောက်ခက်သွားတယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now