Chapter-545

6.4K 1.3K 206
                                    

//Unicode//

အပိုင်း(၅၄၅) အသက်သွေးကိုချေဖျက်ခြင်း

တကယ်တော့ကျုံထျန်း၏အခြေအနေက
ယူရှောင်းမိုတွေးနေသလောက်ထိ မတင်းမာနေပေ။

သွေးစွေးနီမိသားစုက 'သစ္စာဖောက်'ယူရှောင်းမိုကို
အိမ်ပြန်ခေါ်မှာပါလို့ခြိမ်းခြောက်ထားသော်လည်း
အဓိကဇာတ်ဆောင်ကမရှိနေဘူးဖြစ်နေသည်။
မည်မျှပင်မြင့်အောင်ခုန်ပါစေ သူတို့ကို
လက်ခုပ်ဩဘာပေးမည့်သူမရှိသေးပေ။

ထိုဖြစ်ရပ်က ဆယ်ရက်နီးပါးခန့်ကသောင်းကနင်း
ဖြစ်ခဲ့ပြီးနောက်တွင်အနည်းငယ်ပြန်လည်ငြိမ်ကျ
သွားလေသည်။

ဒီလိုဆိုရင်တောင် ယူရှောင်းမိုနဲ့လင်းရှောင်က
ကျုံထျန်းကိုချက်ချင်းပြန်ဖို့အစီအစဉ်မရှိပေ။

မျက်နှာပြောင်ပြီးဆီလျော်မှုမရှိတဲ့ယူကျွင်းချီမှလွဲ၍
ဖီချုံးတို့ကထွက်ခွာသွားပြီဖြစ်၏။ ထိုထဲတွင်
ပြင်ပအတွေ့အကြုံလိုအပ်နေသည့်ကတ်ချုံးလည်း
ပါသွားသည်။ သူတို့မသွားခင် ယူရှောင်းမိုက
ဒဏ်ရာရရင်ကုစရာဆေးမရှိနေမှာစိုးသည့်အတွက်
တစ်ယောက်စီကို နယ်မြေပြောင်းအဆောင်သုံးခုနဲ့
ဒဏ်ရာကုသမှော်ဆေးလုံးတွေအများကြီး
မပေးချင်ပေးချင်နဲ့ပေးလွှတ်လိုက်ရသည်။

ဒါက 'မိုးမရွာခင်အိမ်ပြင်' တာဖြစ်တာကြောင့်
ကုန်လိုက်ရလည်းကိစ္စမရှိပေ။

လင်းရှောင်က သူတို့ကိုနှစ်ဖွဲ့ခွဲခိုင်းသည်။
လူခြောက်ယောက်ရှိတာကြောင့် တစ်ဖွဲ့သုံးယောက်
ကွက်တိပင်။ သဖုန်းညန်ပါတဲ့အဖွဲ့ကပိုပြီးစွမ်အား
ကြီးတာကြောင့် သူတို့ကိုလန်ချုံးအားရှာခိုင်းသည်။
လန်ချုံးကပျောက်သွားတဲ့ညီအစ်ကိုကို
တစ်ခြားသူတွေနဲ့အတူတူလိုက်ရှာနေတာဆိုပေမယ့်
ထိုညီအစ်ကိုပျောက်သွားတာနဲ့ပတ်သက်ပြီး
အနည်းငယ်ထူးဆန်းနေသေးသည်။

ဒါကိုထျန်းသောက်အရင်ကပြောခဲ့ဖူးသည်။

သို့ပေမယ့်အဲ့ဒီတုန်းက ရှီကျင်းတွင်စွမ်းအားကြီးသည့်
နတ်ဆိုးသားရဲများကိုခေါ်ယူနေသည့် လျှို့ဝှက်
အင်အားစုတစ်ခုရှိနေကြောင်းကြားခဲ့ရသည်။
မတိုင်မီက ၎င်းအင်အားစုကသူတို့ကိုယ်သူတို့
သိုသိုသိပ်သိပ်နေခဲ့ကြသော်လည်းယခုနောက်ပိုင်းတွင်
မကြာခဏဆိုသလိုလှုပ်ရှားလာပြီး ထျန်းသောက်
ကလည်း သူတို့အကွက်ကြီးကြီးချနေမှာကို
သံသယရှိနေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now