Chapter-506

6.2K 1.1K 51
                                    

-Unicode-

အပိုင်း၅၀၆- မမျှော်လင့်ထားခဲ့တဲ့ပျော်ရွှင်စရာ
တစ်ခု

ကျုံထျန်းဈေးပွဲတော်မှာ
အရေးအပါဆုံးအချိန်သို့
ရောက်ရှိလာတော့သည်။

ချန်ဟယ့်သည် ရှေ့တိုးလိုက်ကာ
ပထမမြောက်ပစ္စည်းအားဖုံးအုပ်ထားသည့်
အဝတ်နက်ကို ကိုယ်တိုင်ကိုယ်ကျဖယ်ရှားလိုက်
၏။ အဝတ်နက်၏အောက်၌ အပြာရောင်
အကြောပုံသဏ္ဍာန်များပါသည့် စာလိပ်တစ်လိပ်
ရှိနေပေသည်။

ပရိသတ်များ၏စိတ်ထဲဝင်လာသည့်
ပထမဦးဆုံးသောအတွေးမှာ ၎င်းက
စိတ်ဝိဉာဉ်လေ့ကျင့်ခြင်းစာလိပ်လား
စွမ်းရည်လေ့ကျင့်ခြင်းစာလိပ်လား
ဟူ၍ဖြစ်သည်။ ထိုနှစ်ခုထဲက
ဖြစ်ခဲ့လျှင် အထွတ်အထိပ်ဆင့်စိတ်ဝိဉာဉ်
ကျင့်စဉ် သို့မဟုတ် စွမ်းရည်လေ့ကျင့်ခြင်း
ကျင့်စဉ်တစ်ခုခု ဖြစ်နိုင်သည်။ ဤအတွေး
ဝင်လာသည့်အခါ စိတ်လှုပ်ရှားလာကြတော့သည်။

ချန်ဟယ့်က စာလိပ်ကိုယူလိုက်ပြီး
လူတိုင်းရဲ့အတွေးကိုခန့်မှန်းမိသည့်
အလား ခပ်သဲ့သဲ့ပြုံးလိုက်ကာ ၊

"ဒီဟာက အထွတ်အထိပ်ဆင့်စိတ်ဝိဉာဉ်လေ့ကျင့်
ခြင်းကျင့်စဉ်လား ဒါမှမဟုတ် စွမ်းရည်လေ့ကျင့်ခြင်း
ကျင့်စဉ်လားဆိုတာ လူတိုင်းတွေးနေကြလောက်
ပါတယ်။ ဒါပေမဲ့ ဒီစာလိပ်ကအဲ့တာတစ်ခုမှ
မဟုတ်ဘူးလို့ အားနာနာနဲ့ပဲပြောရမှာပေါ့ရှင်။
ဒါပေမယ့်လို့ အထွတ်အထိပ်ဆင့်
စိတ်ဝိဉာဉ်လေ့ကျင့်ခြင်းကျင့်စဉ်ထက်တော့
တန်ဖိုးမလျော့ဘူးဆိုတာ အာမခံနိုင်ပါတယ်........"

သူမက ခဏရပ်လိုက်ပြီး ကျော်ကြားလှတဲ့
မှော်ဆရာတွေရဲ့မျက်နှာကိုကြည့်လိုက်ကာ
ခပ်ဖြေးဖြေးပြောလိုက်သည်၊

"ဘာလို့လဲဆိုတော့ ဒီဟာက အဆင့်တစ်
သက်တန့်ဆေးလုံးရဲ့ဖော်စပ်နည်းမလို့လေ"

ဒီစကားကိုကြားပြီးတဲ့နောက် ပွဲရှိလူတိုင်း
သက်ပြင်းရှိုက်လိုက်ကြရသည်။

ကြွယ်ဝချမ်းသာပြီးအထက်စီးဆန်တဲ့
မှော်ဆရာအစည်းအရုံးပဲဖြစ်ဖြစ် ၊
သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းပဲ
ဖြစ်ဖြစ် အဆင့်တစ်ဆယ်ဆေးလုံးဖော်စပ်နည်း
ဖြစ်နေရင်တောင် ထုတ်ရောင်းမှာမဟုတ်တာ
သေချာတယ်၊ သက်တန့်ရောင်ဆေးလုံး
ဖော်စပ်နည်းဆိုပြောမနေနဲ့တော့ ။
ဒါက အဖိုးမဖြတ်နိုင်တဲ့
ရတနာတစ်ခုဖြစ်ပြီး
အထွတ်အထိပ်ဆင့်စိတ်ဝိဉာဉ်ကျင့်စဉ်
ဒါမှမဟုတ် စွမ်းရည်ကျင့်စဉ်တို့ထက်
ပိုရှားသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now