Chapter-509

6.1K 1K 26
                                    

[Unicode]

အပိုင်း၅၀၉- အထူးစည်းမျဉ်းများ

သူတို့တွေ ထုံထျန်းတိုက်ဆီ ပထမဆုံးအကြိမ်
ရောက်လာခဲ့စဉ်က အဖိုးအိုက
ချိတ်ပိတ်ထားတဲ့ကျောက်စိမ်းပေလွှာတစ်ခု
ပေးခဲ့ဖူးတာကို ယူရှောင်းမို ပြန်အမှတ်ရသွားသည်။
ဒါပေမဲ့ ကျောက်စိမ်းပေလွှာပေါ် က
ချိတ်က အရမ်းကိုစွမ်းအားမြင့်နေခဲ့လို့
နတ်ဒဝါအဆင့်တိုက်ခိုက်သူဖြစ်တဲ့
လင်းရှောင်ပင် မဖြည်နိုင်ခဲ့ဘဲ ချောင်ထိုးထားခဲ့ရ
သည်။ ယခုအချိန်၌ လပေါင်းများစွာ
ကုန်ဆုံးသွားပြီဖြစ်ကာ သူလည်း မေ့လုနီးပါးပင်
ဖြစ်နေခဲ့လေသည်။

ဒါကို ပြန်မှတ်မိလိုက်တော့ သူ့ကိုယ်သူ
မထိန်းချုပ်နိုင်တော့ပေ။

သို့သော်ငြား လင်းရှောင်သည် နဂါးမျိုးနွယ်စု၏
အမွေအား စုပ်ယူပြီးသွားကာစဖြစ်နေသည်။
နဂါးမျိုးနွယ်စုရဲ့ နည်းစနစ်များထဲမှအချို့အား
ကျင့်ကြံရန်အတွက်
ရှောင်ယောင်တက္ကသိုလ်မှ လူမရှိရာနေရာတစ်ခုသို့
ထွက်ခွာသွားပြီး နေဝင်ချိန်မတိုင်ခင်ပြန်​ရောက်လာ
လိမ့်မည်မဟုတ်ပေ။

ယူရှောင်းမို ဘယ်လောက်ပဲစိတ်စောနေပါစေ
စောင့်ဆိုင်းရမည်ဖြစ်သည်။

နေ့လည်ရောက်တော့ ယူရှောင်းမိုက
လင်းရှောင်ပြန်လာတာ မစောင့်နေတော့ပေ၊
ထိုအစား ချောင်ဝူရှင်းနှင့် ကျုံးယဲ့က သူ့ဆီ
လာလည်လေသည်။

သူတို့နှစ်ယောက် အတူတူလာတယ်ဆိုတာ
ရှားတာကြောင့် ယူရှောင်းမိုက အခန်းထဲဖိတ်
လိုက်ကာ အိမ်ရှင်အနေနဲ့ လက်ဖက်ရည်အေး
နှစ်ခွက်ငှဲ့ပေးလိုက်သည်။ လင်းရှောင်ရှိနေမှသာ
လက်ဖက်ရည်က ပူနွေးနေတတ်သည်။

"ငါ့မှာလည်း လက်ဖက်ရည်ပူပူလေးရော
ဝိုင်ရောမရှိဘူး ၊ ဒီလက်ဖက်ရည်အေးပဲရှိတာ။
ဒါပဲသောက်လိုက်ကြတော့" 

သူတို့နှစ်ယောက်က ရှေ့ကလက်ဖက်ရည်အေးကို
ကြည့်လိုက်ကြပြီး မလှုပ်ကြပေ။

ဒါကို ယူရှောင်းမိုကကို့ယို့ကားယား မခံစားရပေ။
"ဘာလို့ လာကြတာလဲ"

"အိုး... မင်းနဲ့လင်းမော့ ဟိုအရင်ရက်တုန်းက
ကျုံထျန်းဈေးရောင်းပွဲတော်မှာ ငါ့ရဲ့ဆရာနဲ့
ကျုံးယဲ့ရဲ့ဆရာကို တွေ့ခဲ့တယ်ကြားတယ်"
ချောင်ဝူရှင်းက အစမရှိအဆုံးမရှိပြောလာသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now