Chapter-515

6.2K 1K 54
                                    

//Unicode//

အခန်း ၅၁၅- ရှီကျင်း

'အမွေအနှစ်ကျောက်ကို နှိုးဆွလို့မရနိုင်ဘူး'
ဆိုတာကို သွေးစွေးနီကလန်ကအသိအမှတ်
ပြုထားသည်။

မူလအစဆီသို့ပြန်လည်စုံစမ်းလေ့လာရန်မှာ
မဖြစ်နိုင်ခဲ့သောကြောင့် ၎င်းကိုမည်ကဲ့သို့
နှိုးဆွရန် အဖြေမရှာနိုင်ခဲ့ပေ၊ သို့ဖြစ်၍
ထိုကိစ္စမှာ မဖြေရှင်းနိုင်ဘဲဖြစ်ခဲ့ရသည်။
သွေးစွေးနီမိသားစုတွင် အမွေအနှစ်ကျောက်ကို
မိသားစုခေါင်းဆောင်ရဲ့သင်္ကေတဟုသာ
မိသားစုခေါင်းဆောင်အစ မိသားစုဝင်များအဆုံး မှတ်ယူထားကြသည်။

အမွေအနှစ်ကျောက်ရဲ့လျှို့ဝှက်ချက်ကို
ယူကျန်ထျန်းတစ်ယောက်သာသိသည်၊
သို့သော် မည်သို့နှိုးဆွရမည်ကိုမူ
ရှေးဟောင်းစာအုပ်တွင် မဖော်ပြထားပေ။

ပထမတုန်းကတော့ သူကအမွေအနှစ်ကျောက်ကို
ပြန်ယူလာပြီး တဖြေးဖြေးလေ့လာသွားရန်
ဖြစ်သည်။ ယူရှောင်းမိုရဲ့အကြောင်းကို
သိလိုက်ရပြီးတဲ့နောက်မှာ သူ့ကိုဘာပဲပေးဆပ်ရ
ပေးဆပ်ရ ဖမ်းဆီးချင်ခဲ့သည်။
သူက အမွေအနှစ်ကျောက်ကိုမရနိုင်ခဲ့လျှင်ပင်
ယူရှောင်းမိုကိုထိန်းချုပ်နိုင်သရွေ့
နတ်ဘုရားလွန်ရတနာတစ်ခု ပိုင်ဆိုင်ရသည်နှင့်
တူပေမည်။

ယူကျန်ထျန်းရဲ့တွက်ချက်မှုသည်
ချောချောမွေ့မွေ့သာသာယာယာဖြင့် ဆက်နေခဲ့၏၊
သို့သော်လည်း လစ်ဟသွားခဲ့တဲ့ကိစ္စမှာ
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးက
ယူရှောင်းမိုရဲ့အစောင့်အရှောက်အဖြစ်
ထင်မထားစွာပေါ် ထွက်လာခဲ့ခြင်းပင်။

သူတို့က ထုံထျန်းတိုက်မကြီးထိတိုင်
ခြေဆန့်လာခဲ့ပြီး ရုပ်ဖျက်လျက်
သွေးစွေးနီမိသားစုရဲ့
နယ်မြေဆီသို့ပင်ရောက်ရှိလာကြ၏။
နှစ်နှစ်မျှပင်မကြာသေးခင်မှာ
သူတို့က သွေးစွေးနီမိသားစုကို
ကျွမ်းထိုးမှောက်ခုံဖြစ်စေခဲ့သည်။
ယူကျန်ထျန်းကဲ့သို့ ထိန်းချုပ်ရတာကိုနှစ်သက်သူ
အတွက် ဒီလိုဆုံးရှုံးမှုကိုဘယ်တော့မှ
မမျိုသိပ်ထားနိုင်ပါချေ။

"ယောက်ျားအမွေအနှစ်ကျောက်ရဲ့နောက်ကွယ်က
လျှို့ဝှက်ချက်ကိုကျွန်မအခုထိနားမလည်သေးဘူး၊
ဆယ်နှစ်တောင်ကြာသွားပြီ ရှင် ကျွန်မကို
ရှင်းပြချက်တစ်ခုမပေးချင်သေးဘူးပေါ့?"
ယင်ဖူးရန်ရဲ့သံနေသံထားသည် သာမာန်ကဲ့သို့ပင်၊
သို့သော် သူမဘက်ကစမေးတယ်ဆိုကတည်းက သူမဒီကိစ္စကိုအရမ်းအရေးထားတာကို
ပြနေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now