Chapter-461

7K 1.2K 15
                                    

Unicode
အပိုင်း၄၆၁- ပြန်လည်ဆုံတွေ့ခြင်း

ယူရှောင်းမိုနဲ့လင်းရှောင် ကျုံထျန်းကနေ
ထွက်သွားပြီးမကြာခင်မှာပဲ ရွှမ်းယွီဟိုတယ်ရဲ့
အတွင်းပိုင်းအင်အားစုများက ကြီးကြီးမားမား
ပြောင်းလဲသွား၏။ ဖက်တီးရဲ့အဖေက
စီမံရေးအဖွဲ့ကနေ ထုတ်ခံလိုက်ရပြီး
နဂိုလူငါးယောက်အဖွဲ့မှ လေးယောက်သို့
လျော့ကျသွားလေသည်။

ရွှမ်းယွီဟိုတယ်မှာ လူတိုင်းထင်နေသကဲ့သို့
အတွင်းပိုင်းတွင်တည်ငြိမ်အေးချမ်းနေသည်
မဟုတ်ပေ။ အပေါ် ယံ၌ ဟိုတယ်ကို
လူငါးယောက်အတူတူစီမံနေခြင်းဖြစ်သော်လည်း
သဘောထားကွဲလွဲမှုများကြောင့်
အဖွဲ့မှာနှစ်အုပ်စုကွဲနေသည်။ ဝူချန်ဘက်တွင်
သူ့အဖေနဲ့ အရင်ကတည်းကဆက်ဆံရေး
ကောင်းတဲ့သူ့အဖေသူငယ်ချင်းသာရှိသည်။
ကျန်မန်နေဂျာသုံးယောက်က တစ်ဘက်တည်း
ဖြစ်နေ၏။

အခြေအနေက ဝူချန်တို့ဘက်အတွက်
အရေးမသာချေ။

အရေးကြီးကိစ္စတစ်ခုရှိပြီး
အမြင်မတူကြတဲ့အခါတိုင်း သူတို့ငါးယောက်က
မဲပေးရကာ ဝူချန်တို့ဘက်က
အမြဲတမ်း နှစ်မဲနှင့်သာအဆုံးသတ်တာကြောင့်ပင်။

အခြေအနေကိုပြောင်းလဲဖို့အတွက်
တစ်ဖက်အဖွဲ့ကနေလူတစ်ယောက်ထုတ်
ပြီး သူတို့ကိုယ်ပိုင်လူသွင်းဖို့
လိုနေ၏။

အကျိုးဆက်ကတော့ အားအနည်းဆုံးဖြစ်တဲ့
ဖက်တီးအဖေကိုပစ်မှတ်ထားခဲ့သည်၊
သူ့ရဲ့အနာဂတ်မျိုးဆက်ကလဲ အရင်လူတွေ
ထက်ပိုဆိုးသည်လေ။ ဥပမာအားဖြင့်
ဖက်တီးကိုပြောရရင် သူ့အဖေအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်အောင်ဘယ်လိုလုပ်ရမလဲ
ဆိုတာပဲသိ၏။ သူ့ကိုဖယ်ထုတ်လိုက်တာထက်
ပိုကောင်းတဲ့ရွေးချယ်စရာမရှိပေ။

ထို့ကြောင့် ဝူချန်က ယူရှောင်းမိုကိုစနက်တံအဖြစ်
အသုံးချလိုက်ကာ မန်နေဂျာကျန်းကို
ဖယ်ထုတ်လိုက်သည်။ သို့သော်လည်း
စီမံရေးအဖွဲ့ရဲ့ ငါးယောက်မြောက်လူအဖြစ်
သူတို့ကိုယ်ပိုင်လူကိုမသွင်းနိုင်ခဲ့ချေ။
ဒီနေရာမှာတော့ ဘယ်အဖွဲ့ကမှမအောင်မြင်ခဲ့။
အကြောင်းမှာ တရန်က နောင်အစည်းအဝေးများတွင်
သူကိုယ်တိုင်တက်မည်ဟုဆုံးဖြတ်ခဲ့ခြင်းကြောင့်ပင်။
သူကိုယ်တိုင်က ငါးယောက်မြောက်လူဖြစ်
သွား၏။
(တရန်- အထက်လူကြီး)

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now